
ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ကာတာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်များ၌ ၎င်းတို့၏ကစားသမားများအား အသုံးမပြုဘဲ စောစီးစွာပြန်ပို့ပေးရန် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ၏ တောင်းဆိုမှုကို လက်ခံဖွယ်မရှိကြောင်း သိရသည်။
Daily Mail ၏ ဖော်ပြမှုအရ AFA သည် ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းထံ ၎င်းတို့၏ကစားသမားများအား စောစီးစွာပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ရာ ချက်ချင်းငြင်းပယ်ခံရကြောင်း သိရသည်။









