

ယူရိုပါလိဂ် (၃၂) သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့အဖြစ် ဘာစီလိုနာနဲ့ မန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစား ရာမဗာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဘာစီလိုနာအိမ်ကွင်းဖြစ်တဲ့ နူးကမ့်မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နှစ်သင်းစလုံးဟာ ပထမပိုင်းမှာ တစ်ဖက်အသင်းရဲ့အမှားကို တစ်ဖက်စောင့်ကစားခဲ့တာကြောင့် ပွဲဟာအနည်းငယ် အေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တိုက်စစ်ဖွင့်ကစားလာတာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘာစီလိုနာဟာ မန်ယူနိုက်တက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး မန်ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းပြမှုကြောင့်သာ ၂ ဂိုး၂ ဂိုးရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။









