ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီအတွက် ဘဏ္ဍာရေးနှစ်ချုပ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ စံချိန်တင်ဝင်ငွေအဖြစ် ပေါင် (၆၁၃)သန်းအထိ ရရှိခဲ့ပြီး၊ အမြတ်ငွေအနေဖြင့်လည်း စံချိန်တင်အမြတ်ငွေ ပေါင် (၄၁.၇၃)သန်းအထိ ရရှိခဲ့ကြောင်း သိရှိရသည်။
မန်စီးတီးအသင်း၏ ဝင်ငွေမှာ ကလပ်အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သလို အင်္ဂလိပ်ကလပ်အသင်းများ၏ သမိုင်းတွင်လည်း ၂၀၁၉ ခုနှစ်က မန်ယူ အသင်း ရရှိခဲ့သည့် ဝင်ငွေ ပေါင် (၆၇၉) သန်းအပြီးတွင် ဒုတိယအမြင့်ဆုံး တစ်နှစ်တာဝင်ငွေအဖြစ် ရပ်တည်နို်င်ခဲ့ကြောင်း သိရှိရသည်။