
အခုလအတွင်း ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေအတွက် ပေါ်တူဂီအသင်း လူစာရင်းကို နည်းပြသစ် ရော်ဘတ်တိုမာတီနက်ဇ်ကို ထုတ်ပြန်ခဲ့ရာမှာ တိုက်စစ်မှူး ရော်နယ်ဒိုကို ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။ အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတုန်းက ခြေစွမ်းမပြနိုင်ခဲ့သလို အသင်းနည်းပြ ဟောင်း ဖာနန်ဒိုဆန်းတို့စ်က အရန်ခုံပါ ပို့ထားခဲ့တာပါ။ ကမ္ဘာ့ဖလား အပြီးမှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီအခြေအနေတွေအရ ရော်နယ်ဒိုအနေနဲ့ အသက်အရွယ် အရရော၊ ခြေစွမ်းပါ အကောင်းဆုံး အနေအထားကို ကျော်သွားပြီဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် ပေါ်တူဂီအသင်း နည်းပြသစ် မာတီနက်ဇ်ကတော့ လက်ရွေးစင် အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့တာပါ။








