မေ၀ဲလ်သာနဲ့ UFC ချန်ပီယံ မက်ဂရီဂေါတို့ လာမဲ့ ၂၆ ရက်နေ့မှာ ထိုးသတ်မယ်

ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်တဲ့ မေ၀ဲလ်သာနဲ့ UFC ဘက်စုံသုံး ကိုယ်ခံပညာ ချန်ပီယံ မက်ဂရီဂေါတို့ဟာ လာမဲ့ သြဂုတ်လ ၂၆ ရက်နေ့ တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံ လတ်စဗီးဂတ်စ်မြို့က T-Mobile arena မှာ ထိုးသတ်ကြမှာဖြစ်ပါတယ်။

ကမ္ဘာတလွှားက လက်ဝှေ့ ၀ါသနာရှင်တွေ စိတ်ဝင်စားနေကြတဲ့ ဒီပွဲဟာ လက်ဝှေ့သမိုင်းမှာ ဆုကြေးအများဆုံး ပြိုင်ပွဲလည်း ဖြစ်လာမှာပါ။ တကယ်လို့ ဒီပွဲမှာ မေ၀ဲလ်သာက အနိုင်ရရှိခဲ့မယ်ဆိုရင် အမေရိကန် လက်ဝှေ့ချန်ပီယံဟောင်း မာစီယာနို တင်ထားခဲ့တဲ့ ၄၉ ပွဲရှုံးပွဲမရှိ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဂိုး ၂၀၀ ပြည့်ခဲ့လို့ မန်ယူပရိသတ်တွေ ပျော်ရွှင်လိမ့်မယ်လို့ အသေအချာပြောရဲကြောင်း ရွန်နီဆို

တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ကြတဲ့ မန်စီးတီးနဲ့အဲဗာတန်တို့ရဲ့ပွဲစဉ်မှာ အဲဗာတန်တိုက်စစ်မှူးရွန်နီဟာ အဖွင့်ဂိုး ကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုး ၂၀၀ ပြည့်သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရွန်နီဟာ ပွဲချိန် ၃၅ မိနစ်မှာ အဲဗာတန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရွန်နီဟာ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရဲ့နောက် ပရီးမီးယားလိဂ်မှာ ဂိုး ၂၀၀ သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

မိသားစုကိစ္စကြောင့် တင်းနစ်မယ်အဇာရင် ယူအက်စ်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်

ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဗစ်တိုးရီးယား အဇာရင်ကာက ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ပြောကြားပါတယ်။ အဇာရင်ကာက မိသားစုအခြေအနေကြောင့် ယူအက်စ်အိုးပင်းမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဘူးလို့ ဆိုပါတယ်။ ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာဟာ ယမန်နှစ် ဒီဇင်ဘာလအတွင်း သားဖြစ်သူကို မွေးဖွားခဲ့ပြီးနောက် ဇွန်လမှာ တင်းနစ်ပြန်ကစားခဲ့တာ ဖြစ်ပါတယ်။

စပါးကိုအနိုင်ရပြီးနောက် ချယ်လ်ဆီးကစားသမားများကို ကွန်တီချီးကျူး

ဝင်ဘာလေကွင်းတွင် စပါးအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် ချယ်လ်ဆီးကစားသမားများကို နည်းပြ ကွန်တီက ချီးကျူးခဲ့ပြီး စပါးနည်းပြ ပိုချက်တီနိုအနေဖြင့်လည်း ယင်းကွင်းတွင် ရလဒ်ဆိုးများနှင့် ထပ်ကြုံ ရနိုင်ကြောင်း သတိပေးသွားခဲ့သည်။

ကွန်တီက “ဒီနေ့တော့ ဖိုက်တာတွေကို ကျွန်တော်တွေ့ခဲ့ရတယ်။ ဒဏ်ရာရပွဲပယ်တွေနဲ့ တကယ်မလွယ်တဲ့ အချိန်မှာ ကောင်းတဲ့ အလားအလာတွေကို မြင်လိုက်ရတာ အသေအချာပဲ။

ဆီးဂိမ်းတွင် မြန်မာ Squash အားကစားအဖွဲ့လိုက်ပါလာသည့် ကား ယာဉ်မတော်ဆမှုဖြစ်ပွား

မလေးရှားဆီးဂိမ်းတွင် Squash ကစားနည်းပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲကျင်းပသည့် ဘူခက်ဂျာလီ အမျိုးသား အားကစားရုံသို့သွားသည့်လမ်း၌ မြန်မာအသင်း လိုက်ပါလာသည့် ကားမှာ မတော်တဆမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

မြန်မာယူ-၂၂ အုပ်စုနောက်ဆုံးပွဲအဖြစ် အိမ်ရှင် မလေးရှားနှင့် ယနေ့ယှဉ်ပြိုင်မည်

ဆီးဂိမ်းဘောလုံးပြိင်ပွဲ အုပ်စု အေမှာ မြန်မာအသင်းဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် မလေးရှားနဲ့ ဒီကနေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို မြန်မာအချိန် ည ၇ နာရီ ၁၅ မိနစ်မှာ စတင်ယှဉ်ပြိုင်သွားမှာပါ။

မန်မာအသင်းဟာ ကစားပြီးတဲ့ ၃ ပွဲစလုံး နိုင်ထားတဲ့အတွက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပေမယ့်လည်း မလေးရှားနဲ့ပွဲမှာ ပုံမှန် ပွဲထွက်လူစာရင်းအတိုင်း ယှဉ်ပြိုင်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ပြန်လည်ကျင်းပမည်ဟု အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အတည်ပြု

အကြိမ် (၃၀) မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသည် အိမ်ရှင်အဖြစ်ပြန်လည် လက်ခံကျင်းပမည်ဟု သြဂုတ် (၁၉) ရက်ကအတည်ပြုကြေညာခဲ့သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ်  ကောင်စီအစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ရာ ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျို့စ်ကို ဂျူအန်ကိုက အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတော့ မည်မဟုတ် ကြောင်း ကြေညာခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသည် အိမ်ရှင်အဖြစ်   ပြန်လည်လက်ခံကျင်းပမည်ဟု သြဂုတ် (၁၉) ရက်က အတည်ပြု ကြေညာခဲ့သည်။

UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ခါတင် ၃ ဦး စာရင်း ထုတ်ပြန်

 

၂၀၁၆-၂၀၁၇ ဘောလုံးရာသီ အတွက် UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ခါတင် ၃ ဦး စာရင်း ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး ဆန်ခါတင် အဆင့်မှာ ပါဝင်လာ သူတွေကတော့ ဘာစီလိုနာ အသင်း တိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ် အသင်း ဂိုးသမား ဘူဖွန်နဲ့ ရီးရဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုတို့ ဖြစ်ပါတယ်။

မြန်မာနှင့် လာအိုပွဲကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ပြမည်

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် SEA Games ၏ သြဂုတ်လ ၁၆ ရက် (ယနေ့) ည ၇နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် လာအိုအသင်းတို့၏ ဘောလုံးပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV က တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ယင်းရုပ်သံနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့က ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရန် ကူညီပေးမည်ဟုဆိုကာ ပီအက်စ်ဂျီသို့ မပြောင်းရန် နေမာကို မက်ဆီတားဆီးခဲ့

မက်ဆီက နေမာအား ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရရှိရန် ကူညီပေးသွားမည်ဟုဆိုပြီး ဘာစီလိုနာမှ မပြောင်းရန် တားဆီးခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မက်ဆီနှင့်ဆွာရက်ဇ်တို့ နှစ်ဦးစလုံးက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်းဖြင့် ပီအက်စ်ဂျီ အသင်းသို့ နေမာပြောင်းရွှေ့မည်ကို မသွားရန်ပြောဆိုခဲ့ကြသည်။ ထိုစကားများကို ဂျူဗင်တပ်စ်အသင်းနှင့် ကစားမည့် ရာသီကြို ခြေစမ်းပွဲမတိုင်မီက ပြောဆိုခဲ့ခြင်း ဖြစ်သည်။