နည်းပြ မော်ရင်ဟိုက ဇန်နဝါရီဈေးကွက်အတွင်း အသစ်ခေါ်ယူ ထားသည့် တိုက်စစ်မှူး ဆန်းချက်ဇ်ကြောင့် မန်ယူတိုက်စစ်ပိုင်း အင်အားလုံလောက်ပြီဖြစ်ရာ လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်ကစားသမားသစ် ထပ်မံခေါ်ယူတော့မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
မော်ရင်ဟို၏ ယခုပြောကြားချက်ကို ထောက်ရှုမည်ဆိုပါက မန်ယူနှင့် သတင်းထွက်နေသည့် ဂါရတ်ဘေးလ်၊ စီရိုနယ်လ်ဒို၊ ဂရစ်ဇ်မန်းတို့ ပူးပေါင်းမှုကို မြင်တွေ့ရဖွယ် မရှိတော့ဟု ယူဆရသည်။ မန်ယူလက်ရှိ တိုက်စစ်ပိုင်းတွင် လူကာကူ၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်လ်၊ လင်းဂတ်၊ မာတာနှင့် ဆန်းချက်ဇ်တို့ရှိနှင့် နေပြီးဖြစ်ရာ လာမည့် နွေဈေးကွက်တွင် တိုက်စစ်အင်အား ထပ်ဖြည့်တော့မည် မဟုတ်ဟု မော်ရင်ဟိုက ဆိုခဲ့ခြင်းဖြစ်သည်။