ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ့ရိုးရာ လက်ဝှေ့ စည်းကမ်းအတိုင်း ထိုးသတ်မည့် ပထမအကြိမ် ရိုးရာလက်ဝှေ့ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
ထိုင်းနိုင်ငံခရီးသွားနှင့် အားကစားဝန်ကြီးဌာန၊ ထိုင်းကိုယ်ခံ ပညာအဖွဲ့နှင့် မြန်မာမီဒီယာအဖွဲ့တို့ ပူးတွဲစီစဉ်သည့် Lethwei in Thailand မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲကို မတ် ၂၅ ရက် နေ့လယ် ၁ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ မဟာချိုင်ရပ်ရှိ ဆာမတ်ဆာ ခွန်အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။