
ရွှေတံဆိပ်နှင့်အတူ တွေ့ရသော ကြက်တောင်ကစားမယ် သက်ထားသူဇာ
အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ Egypt Internatio-nal Sereies 2018 အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် သက်ထားသူဇာက ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

ရွှေတံဆိပ်နှင့်အတူ တွေ့ရသော ကြက်တောင်ကစားမယ် သက်ထားသူဇာ
အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ Egypt Internatio-nal Sereies 2018 အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် သက်ထားသူဇာက ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

သူ့ရဲ့ အပြင်းအထန်လေ့ကျင့်မှုတွေက ပြိုင်ပွဲကြီးမှာ သက်သေပြခဲ့ပါပြီ။ MMA World Middle Weight Champion ခါးပတ်ကို စိန်ခေါ်လာသူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီကို ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့တဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်က ”ပရိသတ်ကို ကျွန်တော့်စိတ်ထဲကနေ အရမ်းချစ်တယ်။ အားလုံး အားပေးလို့လည်း ကျေးဇူးတင်တယ်။ ဆက်လည်း အားပေးပါ” လို့ ဆိုခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ မြန်မာနိုင်ငံမှာ ကစားတဲ့ One Championship ပွဲစဉ်တိုင်းကိုလည်း သူက အားရတယ်လို့ဆိုပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ယာယီနည်းပြသစ် စန်တီယာဂို ဆိုလာရီဟာ သူ့အနေဖြင့် အသင်းကို ဘယ်လောက် အချိန်ကြာကြာ ကိုင်တွယ်မယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ဖော်မပြောဆိုလိုပဲ လာမယ့် စပိန်ဘုရင့်ဖလား ရှုံးထွက် (၃၂)သင်းအဆင့်မှာ အဖွင့်ရလဒ်ကောင်းဖို့ အာရုံစိုက်သွားမှာဖြစ်တယ်လို့ အင်္ဂါနေ့က ပြောဆိုသွားခဲ့ပါတယ်။

လာမည့်နှစ် မတ်လတွင် ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်မည့် MMA (One Championship) လိုက် ဟဲဗီးဝိတ် ချန်ပီယံ ကာကွယ်ပွဲတွင် မည်သည့် ရလဒ်ထွက်ပေါ်သည် ဖြစ်စေ ချန်ပီယံခါးပတ်ကို လွှဲပေးမည်ဟု အောင်လအန်ဆန်က ပြောသည်။

စနေနေ့က လက်စတာနဲ့ ၀က်စ်ဟမ်းတို့(၁)ဂိုးစီ သရေကျတဲ့ပွဲအပြီး တစ်နာရီအကြာ ကင်းပါဝါကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျမှုမှာ အသင်းပိုင်ရှင် ဗီချိုင်းသေဆုံးခဲ့တယ်လို့ လက်စတာ အသင်း က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
စနေနေ့က ရဟတ်ယာဉ်ပျက်ကျမှုမှာ ဗီချိုင်းအပါအ၀င် သူ့ရဲ့ဝန်ထမ်း(၂)ဦး၊ လေယာဉ်မှူးနဲ့ အခြားသူတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ လက်စတာရှိုင်းယားရဲအဖွဲ့က သေဆုံးသူတွေဟာ လက်စတာအသင်းပိုင်ရှင်ဗီချိုင်း၊ သူ့ရဲ့ ၀န်ထမ်း(၂)ဦးဖြစ်တဲ့ ဆက်နာမိုင်နဲ့ ပန်ပါရီ၊ လေယာဉ်မှူးအဲရစ်နဲ့ သူ့ရဲ့ပါတနာလီချိုဝစ်ဇ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ လက်စတာအသင်းက ဗီချိုင်းမိသားစု၊ ရဟတ်ယာဉ်ပေါ် ပါသွားတဲ့မိသားစုတွေနဲ့အတူ ပြောမထွက်နိုင်အောင် ဆိုးရွားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်မှုထမ်းကင်းလွတ်ခွင့် ရစေရန် လူမှုရေးလုပ်ငန်းဆိုင်ရာ မှတ်တမ်းအတုများတင်သွင်းခဲ့ ကြောင်း ၀န်ခံပြီးနောက် နောက်ခံ လူဂျန်ဟွန်ဆိုးသည် လာမည့်လတွင် ကစားမည့်နိုင်ငံတကာပွဲ စဉ်များမှ နုတ်ထွက်ခဲ့သည်ဟု တောင်ကိုရီးယား ဘောလုံးအဖွဲ့ ချုပ်(KFA)က ပြောသည်။
အသက်(၁၈)နှစ်မှ (၂၈)နှစ် အကြားရှိ ကျန်းမာသန်စွမ်းသူ တောင်ကိုရီးယားအမျိုးသားတိုင်း ၂၁ လမဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်သော်လည်း အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲရွှေတံဆိပ် ဆုရှင်များကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားသည်။

ကာတာနိုင်ငံ လိုဆန်အီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပတဲ့ Race One မော်တော်ဆိုင်ကယ်စီး ပြိုင်ပွဲမှာ ဂျွန်နသန်ရေးက ဒေါက်ပိုလန်ရဲ့ ၁၉၉၁ ခုနှစ် စံချိန်နဲ့ ယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
ဗြိတိန်နိုင်ငံသား အသက် ၃၁ နှစ် ဂျွန်နသန်ရေးဟာ အခုအောင်ပွဲနဲ့ဆိုရင် ၁၁ ကြိမ်မြောက် ဆက်တိုက်နိုင်ပွဲ ဆက်တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ချီလီကွင်းလယ်လူ အာတူရို ဗီဒယ်ဟာ ပြီးခဲ့တဲ့ နှစ်က ဂျာမနီရှိ နိုက်ကလပ်တစ်ခုအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း အပြစ်တွေ့ရှိခဲ့တာကြောင့် ကြာသပတေးနေ့က မြူးနစ်တရားရုံးက ယူရို ၈၀၀,၀၀၀ (ပေါင် ၇၀၀,၀၀၀) ဒဏ်ငွေရိုက်ခဲ့ပါတယ်။
မြူးနစ်ခရိုင်တရားရုံးက ချီလီကစားသမားကို ရက် ၈၀ လုပ်ခပေါ် အခြေပြုပြီး ဘာစီလိုနာကစားသမားအတွက် တစ်နေ့လျှင် ယူရို ၁၀,၀၀၀ (ပေါင် ၈,၈၀၀) နဲ့ တွက်ချက်ပြီး ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ အင်္ဂလန်ဘယ်နောက်ခံလူ လုရှောဟာ အသင်းမှာ ၂၀၂၃ ခုနှစ်အထိရှိနေမယ့် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
သူဟာ တစ်ပတ်လုပ်ခပေါင် ၁၅၀၀၀၀ နဲ့ စုစုပေါင်း တန်ကြေး ပေါင်သန်း ၅၀ ရှိတဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ကို ဆိုခဲ့တာပါ။

အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံသို့ လေ့ကျင့်ရေးခရီးစဉ်ရောက် ရှိနေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အောက်တိုဘာ ၁၉ ရက် (ယနေ့)တွင် ကာတာ ပြည်တွင်းလိဂ်ချန်ပီယံ Al-Duhail ကလပ်အသင်းနှင့် ခြေစမ်းမည် ဖြစ်သည်။
အဆိုပါခြေစမ်းပွဲကို အောက်တိုဘာ ၁၉ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်၌ ကာတာ နိုင်ငံရှိ Al-Duhail အသင်းအိမ်ကွင်းတွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ဘောလုံး အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။