
စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လာမယ့်ဘောလုံးရာသီ တစ်ရာသီစာလက်မှတ်တွေဟာ ဈေးကွက်အတွင်းမှာ ရောင်းချကုန်ဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ အဆင့် (၆)နေရာမှာ ရပ်တည်ကာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပေမယ့် အသင်းပရိသတ် တွေကတော့ အသင်းကို အားပေးဖို့ အသင့်ဖြစ် နေခဲ့ကြပြီး တစ်ရာသီစာလက်မှတ်တွေကို ၀ယ်ယူအားပေးခဲ့ကြပါတယ်။








