ရော်ဂျာဖလားပွဲမှာ အမျိုးသားချန်ပီယံဆုကို နာဒယ်(၅)ကြိမ်မြောက် ရရှိ

ကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ (၂၀၁၉)ရော်ဂျာဖလားတင်းနစ်ပြိုင်ပွဲမှာ စပိန်တင်းနစ်သမား နာဒယ်က ဆီဒင်အဆင့်(၈)ရရုရှားတင်းနစ်သမား မက်ဗီဒက်ကို(၆း၃၊၆းဝ)နဲ့နိုင်ပါတယ်။ အမျိုးသားချန်ပီယံဆုကို (၅)ကြိမ်မြောက်နဲ့နှစ်နှစ်ဆက် ရသွားပါတယ်။ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆီဒင်အဆင့်(၁)ရ နာဒယ်က ဆီဒင် အဆင့်(၈)ရရုရှား တင်းနစ်သမား မက်ဗီဒက်ကို(၆း၃၊၆းဝ)နဲ့နိုင်ပါတယ်။ နာဒယ်ကအသက်(၃၃)နှစ်ရှိပြီး မက်ဗီဒက်က(၂၃)နှစ်ပဲရှိသေးလို့ နာဒယ်အနေနဲ့သူ့ထက်(၁၀)နှစ်ငယ်တဲ့ တင်းနစ် သမားကို မိနစ်(၇၀)တည်းနဲ့ နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်(၂)ဖြစ်တဲ့ နာဒယ်ဟာပြီးခဲ့တဲ့လက ၀င်ဘယ်ဒန် ဆီမီးဖိုင်နယ်မှာ ဆွစ်ဇာလန်တင်းနစ်သမားဖက်ဒရာကို ရှုံးပြီးနောက်ပိုင်းမှာ ဒီပွဲကသူပထမဆုံး ပြန်လည် ကစားတာဖြစ်ပါတယ်။ ဒီကနေဒါပြိုင်ပွဲမှာလည်း နာဒယ်ဟာဒီကနေဒါ ပြိုင်ပွဲမှာ (၂၀၀၅၊၂၀၀၈၊၂၀၁၃) တို့မှာ သုံးကြိမ်နဲ့ (၂၀၁၈နဲ့၂၀၁၉))မှာ နှစ်ကြိမ်ဆက် ဗိုလ်စွဲသွားတာဖြစ်ပါတယ်။ ဒီရော်ဂျာဖလားပွဲက ချန်ပီယံကို ရမှတ် (၁၀၀၀)ပေးတဲ့ မာစတာပြိုင်ပွဲဖြစ်လို့ နာဒယ်အနေနဲ့ မာစတာ(၁၀၀၀)အဆင့်ပြိုင်ပွဲတွေမှာတော့ (၃၅)ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။ ဂရင်းစလမ်းချန်ပီယံဆုကိုတော့နာဒယ်ကစုစုပေါင်း(၁၈)ခုရထားပါတယ်။

HELLAS OPEN 2019 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယရရှိ

ဂရိနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ HELLAS OPEN 2019 ပြိုင်ပွဲ ဗိုလ်လုပှဲမှာ ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မလေးရှားကစားသမား ကီဆိုနာကို ၂ ပွဲပြတ် ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဗိုလ်လုပွဲမှာ သက်ထားသူဇာဟာ ကီဆိုနာကို ၁၄-၂၁၊ ၉-၂၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ သက်ထားသူဇာက ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကစားသမား လီအိုနိုက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒိုင်ဘာလာ၏ ပြောင်းရွှေ့ကြေးအတွက် စပါးသဘောတူညီမှုရ

စပါးအသင်းသည် ဂျူဗင်တပ် ကွင်းလယ်တိုက်စစ်မှူး ဒိုင်ဘာလာ အားခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမန်ယူနှင့်အပြောင်းအရွှေ့ ကိစ္စများ ပျက်ပြယ်ခဲ့ပြီးနောက် ဒိုင်ဘာလာကို ခေါ်ယူရန်စပါးက ပြန်လည်ကြိုးစားလာ ခြင်းဖြစ်သည်။

အမျိုးသမီးတင်းနစ်လောက၏ ဝင်ငွေရရှိမှုစာရင်းတွင် ဆရီနာဝီလျံထိပ်ဆုံးမှရပ်တည်

အမျိုးသမီးတင်းနစ်လောက၏ ဝင်ငွေရရှိမှုစာရင်းတွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ ဆရီနာဝီလျံသည် နောက်ပိုင်းနှစ်များတွင် အောင်မြင်မှုရရန် ရုန်းကန်နေရသော်လည်း ၄င်း၏ပျမ်းမျှတစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂ သန်းခန့်ရှိနေသေးသည်။

၎င်းနောက်တွင် ဂျပန်တင်းနစ်မယ် နာအိုမိအိုဆာကာက ၂၄ ဒသမ ၃ သန်းဖြင့် ရပ်တည်နေသည်။ ကစားသမားများ၏ လစာ၊ ဆုကြေးနှင့်အခြားစပွန်ဆာဝင်ငွေများကို တွက်ချက်၍ Forbes မှ ထုတ်ပြန်ခြင်းဖြစ်သည်။ Ref ; Reuters

လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို မန်ယူက ကမ္ဘ့ာစံချိန်တင်ကြေး ပေါင် သန်း ၈၀ ဖြင့် ခေါ်ယူ

မန်ချက်စတာယူ နိုက်တက်က လက်စတာစီးတီးမှ အင်္ဂလန်ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို  ကမ္ဘာ့စံချိန်တင် ကြေးပေါင်သန်း ၈၀ ဖြင့် ခေါ်ယူခဲ့ သည်။ မက်ဂွိုင်းယား (၂၆) နှစ် သည် အိုးလ်ထရက်ဖို့ဒ်တွင် ခြောက်နှစ်စာချုပ်လက်မှတ်ရေး ထိုးပြီး နောက်ထပ်တစ်နှစ်သက် တမ်းတိုးရန် သတ်မှတ်ချက်တစ် ရပ်လည်း စာချုပ်၌ ပါဝင်သည်။ မက်ဂွိုင်းယား၏ ပြောင်းရွှေ့ ကြေးက ၂၀၁၈ ဇန်နဝါရီတွင် ဆောက်သမ်တန်မှနယ်သာလန် နောက်ခံလူ ဗန်ဒိုက်စ်ကို လီဗာ ပူးက ပေါင် ၇၅ သန်းဖြင့်ခေါ်ယူသော စံချိန်ကို ချိုးဖျက်ကာ စံချိန် သစ်တင်ခဲ့သည်။

နာမည်ကြီး နပန်းကစားသမား The Rock အနားယူကြောင်း ကြေညာ

WWE နပန်းပြိုင်ပွဲရဲ့ နာမည်ကြီးတယောက်ဖြစ်တဲ့ The Rock ဟာ နပန်းကစားသမား ဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ စမတ်ဒေါင်းပြိုင်ပွဲ လူသိများ အောင်မြင်ခဲ့ချိန်မှာ ပရိသတ်အသည်းစွဲ ကစားသမားဖြစ်ခဲ့တဲ့ The Rock ဟာ အနားယူခဲ့ပေမယ့်လည်း WWE ပွဲတွေကို သံယောဇဉ်မကုန်သေးတဲ့ ပုံစံ ဖြစ်နေပြီး စိတ်ပြောင်းချိန်မှာ ပြန်ကစားမယ့် အခြေအနေ ရှိနေပါတယ်။

စီရော်နယ်ဒိုမကစားခဲ့ခြင်းကြောင့် ပွဲစီစဉ်သူများကို တရားစွဲဆိုမည်

ကိုရီးယားပရိသတ်များသည် ကေလိဂ်အောစတားအသင်းနှင့် ဂျူဗင် တပ်တို့ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် စီရော်နယ်ဒို ပါဝင်ကစားခဲ့ခြင်း မရှိ၍ ပွဲစီစဉ်သူများကို တရားစွဲဆိုရန်ပြင်ဆင်နေကြပြီဖြစ်သည်။ သုံးဂိုးစီသရေ ကျခဲ့သော ပွဲစဉ်တွင် စီရော်နယ်ဒိုသည် အရန်ခုံ၌သာ ပွဲချိန်ပြည့်ထိုင်နေခဲ့ပြီး လူစားဝင်ခဲ့ခြင်း မရှိပေ။

ပွဲစီစဉ်သူများက ကစားသမား၏ကြံ့ခိုင်မှုကြောင့် မပါဝင်နိုင်ခြင်းဟု အကြောင်းပြထားသော်လည်း ပရိသတ်များက မကျေနပ်ကြပေ။ ထို့ကြောင့် လက်မှတ်ခ ၄၈ ပေါင်အား ပြန်လည်ရရှိ ရန်တရားစွဲဆိုကြမည်ဖြစ်သည်။

အောင်သူကို အတုယူကြိုးစားရန် မြောင်တောင်အသင်းသားများကို နည်းပြသတိပေး

မြောင်တောင်ယူနိုက်တက်အသင်းနည်းပြ ဂါမာက အသင်းသားတွေကို ပွဲထွက်ခွင့်ရရန်အတွက် အခွင့်အရေး ရချိန်မှာ အောင်သူကဲ့သို့ ကြိုးစားပြဖို့အတွက် သတိပေးပြောကြားခဲ့ပါတယ်။ “အသင်းမှာ ပွဲထွက်ကစားသမား ဖြစ်နိုင်တဲ့ အရေအတွက်က ၁၁ယောက်ထက်ပိုပါတယ်။ ကစားသမားတိုင်းက လေ့ကျင့်ရေးမှာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း ပြသဖို့လိုပါတယ်။ ဘယ်သူမဆို ပွဲထွက်ကစားဖို့အတွက် အခွင့်အရေးရှိပါတယ်။ အောင်သူကို ကြည့်ပါ။ ကစားခွင့်ရတဲ့အချိန်တိုင်း သူဘယ်လောက်ကစားနိုင်လဲဆိုတာ သက်သေပြနိုင်ခဲ့တယ်။ သူက ကစားသမားကောင်း တစ်ယောက်ဆိုတာ ကျွန်တော်အမြဲယုံကြည်တယ်။”လို့ မြောင်တောင်ယူနိုက်တက်နည်းပြ ဂါမာက ရက်ချာဘူရီကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ DuwunSporrs