
ဂရိနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ HELLAS OPEN 2019 ပြိုင်ပွဲ ဗိုလ်လုပှဲမှာ ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မလေးရှားကစားသမား ကီဆိုနာကို ၂ ပွဲပြတ် ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဗိုလ်လုပွဲမှာ သက်ထားသူဇာဟာ ကီဆိုနာကို ၁၄-၂၁၊ ၉-၂၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ သက်ထားသူဇာက ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကစားသမား လီအိုနိုက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။









