ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မအူပင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန်အစည်း အဝေးကို ယမန်နေ့နံနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီခွဲအထိ ပန်းတနော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုအလိုက် ဆိုင်းဘုတ်အသစ်တင်

 

မန္တလေးတိုင်းဒေသကြီးညောင်ဦး ခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ် အဟောင်းများကို ဖြုတ်သိမ်း၍ ဆိုင်းဘုတ်အသစ်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပါတီကော်မတီဝင်တစ်ဦးထံမှ သိရသည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

စဥ့်ကိုင် ဇွန် ၂၆

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ စွန်ရဲအုပ်စု ရှမ်းကန်အုပ်စု တောင်ရင်းအုပ်စု (၃)အုပ်စု ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကြည်ပြုံး၊ အတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့ဝင် များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရခိုင်အရေးပြည်သူ့သဘောထားအမြင်ဆွေးနွေး

 

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်အရေး ပြည်သူ့သဘောထားအမြင်ဆွေးနွေး ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဝါရင့် သတင်းစာဆရာကြီး စာရေးဆရာ တက္ကသိုလ်မြတ်သူ၊ အရှေ့ပိုင်း ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်းနှင့် ခရိုင်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှ မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်စာရေးဆရာအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ အင်အား ၈၅ဦး ခန့်တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပါတီအလံသစ် လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လွှင့်ထူထားသော ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား လွှင့်ထူခဲ့ကြသည်။ အဆိုပါအလံသစ်တင်ပွဲသို့ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ဦးစန်းငွေ(လူငယ်တာဝန်ခံ)၊ စစ်တွေခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး၊ စစ်တွေမြို့နယ်အတွင်းရေးမှူး ဒေါ်အေးမာခင်နှင့် ပြည်နယ်ပါတီရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

မ​ကွေးမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

 

မ​ကွေးမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီအချိန်တွင်​ တိုင်း​ဒေသကြီး ပါတီအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ မြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး မြို့နယ်​ပါတီဥက္ကဌမှ ပါတီဌာနချုပ်​တွင်​ တက်​​ရောက်​ခဲ့သည့် နိုင်င်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြ သင်​တန်းအမှတ်​စဉ်​ (၄) သင်​တန်းအ​တွေ့အကြုံများ၊ အ​ကောင်​အထည်​​ဖော်​​ဆောင်ရွက်​ရမည့် လုပ်ငန်းစဉ်​များအား ရှင်းလင်းခဲ့ပြီး ‌အတွင်း​ရေးမှူးမှ ကွင်းဆင်း​ဆောင်​ရွက်​မှု‌လုပ်​ငန်းအ​တွေ့အကြုံများနှင့် စည်းရုံး​ရေးဆိုင်​ရာများ၊ တက်​​ရောက်​လာသူများမှ မိမိတို့‌နယ်​​မြေအလိုက်​ စည်းရုံး​ဆောင်​ရွက်​မှုနှင့် ​ဒေသခံပြည်​သူများ၏အသံများနှင့် အကြံပြုချက်​များ​အား ရှင်းလင်း​ဆွေး​နွေးခြင်း​တို့ ​ဆောင်​ရွက်​ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချူပ်​အမှာစကား​ပြောကြားကာ ၁၁း ၅၀ နာရီတွင်​ ပြီး​မြောက်​ခဲ့ပါသည်​ ။

ပြည်ခိုင်ဖြိုးပါတီမှ လူငယ်မောင်မယ်များ စုပေါင်းသွေးလှူဒါန်းခြင်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျောက်ဆည်မြို့တွင် ယနေ့ (၂၆.၆.၂၀၁၈) ရက်နေ့တွင် ” ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ”အရှင်ဝီရသူ ( မစီုးရီမ် ) ၏ နှစ် ( ၅၀ ) ပြည့် ရွှေရတုမွေးနေ့အထိမ်းအမှတ်” ပါရမီပျိုးခင်း ” သွေးလှူအသင်း၏ ( ၂၀ ) ကြိမ်မြောက် သွေးလှူဒါန်းပွဲသို့ ကျောက်ဆည်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် အတွင်းရေးမှူး ဦးဆွေဦး၊ မြို့နယ်ကော်မတီဝင်များနှင့် ပြည်ခိုင်ဖြိုးလူငယ်မောင်မယ်များကို မြို့နယ်လူငယ်တာဝန်ခံ ဦးသန်းဝင်းစိုးမှ ဦးဆောင်ကာ အလှူဒါနအဖြစ် အများပြည်သူများအကျိုးရှိစေရန် ရည်ရွယ်သန်၍ သွေးများကို နံနက် ( ၉:၀၀ ) အချိန် ကျောက်ဆည်မြို့ မင်းကုန်းကျောင်းတိုက်တွင် စုစုပေါင်းအင်အား အယောက် ၂၀ ဖြင့် သွားရောက် ကုသိုလ်တော်ယူကြပါသည်.။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

 

25 June 2018

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးဆွေးနွေးပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နိုင်ငံ တော်သီချင်းသီဆို၍ဖွင့်လှစ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင်ဦးတင်အောင်ကအဖွင့် အမှာစကားပြောကြားခဲ့သည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ လ၀ါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့  ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်း

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ကော်မတီဝင် ဦးတိုးမြင့်အောင်.၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ခင်ဝိုင်းချစ်၊ မြို့နယ်ပါတီကော်မတီဝင်ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ ဦးသန်းမြတ်စိုး၊ ကျေးရွာပါတီဥက္ကဌ ဦးထွန်းခိုင်နှင့်အဖွဲ့ဝင်တို့သည် ဇွန်၂၅ ရက်နေ့က လဝါကျေးရွာအခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူ (၂၀၉) ဦးအား ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် (၅) အုပ်နှုန်း ဘော့ပင်တစ်ချောင်းစီဖြင့် ဗလာစာအုပ်ဒါဇင် (၇၉) ဒါဇင်နှင့်ဘော့ပင်အချောင်း (၂၀၉) ချောင်းအား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြသည်။

ပြည်ခိုင်ဖြိုးလူငယ်ညီလာခံ အောင်မြင်ခြင်းအထိမ်းအမှတ်လုပ်အားဒါနယူ

 

25 June 2018

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံအောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီခွဲက အရေးမဆိုရွာ လေးမျက်နှာ ဘုရားပရိဝုဏ်အား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးဦးဆောင် ၍ လူငယ်တာဝန်ခံ ဒေါ်တင်မိုးခိုင်နှင့် လူငယ်အင်အား ၇ဝ၊ သင်္ဂတုံ ရွာ စေတနာလူမှုရေးအသင်းမှအင်အား ၂ဝ၊ ကျေးရွာမှ အင်အားများ နှင့်အတူ စုစုပေါင်းအင်အား ၁ဝဝကျော်ဖြင့် လုပ်အားဒါနကုသိုလ်ယူကာ ရပ်/ကျေးပါတီဥက္ကဋ္ဌမိသားစုက ဧည့်ခံကျွေးမွေးခဲ့သည်။