ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ချောင်းဝကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

4.7.2018 ကန်ကြီး​ထာင့်မြို့နယ် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌနှင့် အရန်ကော်မတီဝင် ဦးမော်စီအေးတို့သည် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀း၃၀ အချိန်ထိ ပေါက်ကျွန်းတိုက်နယ် ချောင်းဝရွာတွင် ပါတီဝင် ၅၆ ဦးနှင့် တွေဆုံကာ နိုင်ငံတော်လုံခြုံရေးအခြေအနေကို ရှင်းပြပြီး ပါတီသတင်း၊ ပါတီစာဂျာနယ် လစဉ်ဝယ်ဖတ်သူနှစ်ဦးကို ကျေးဇူးတင်ကြောင်းပြောပြီး အမှတ်​တရ ရင်​ထိုးတံဆိပ်​များနှင့်အင်္ကျီများ လက်​​ဆောင်​​ပေး​ဝေခဲ့ပါသည်​။

ရွှေဘိုခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေဘိုခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ် ခရိုင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီက ရွှေဘို ခရိုင်ပါတီရုံးတွင်ကျင်းပရာ ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေးက တိုင်း ဒေသကြီးပါတီ၏ လမ်းညွှန်မှုများ အား ထပ်ဆင့်ရှင်းလင်းပြီး မြို့နယ် ပါတီဥက္ကဋ္ဌများက မိမိတို့မြို့နယ် များ၏ လုပ်ငန်းဆောင်ရွက်ချက် များကို အသီးသီးဆွေးနွေးကြ သည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြီး မွန်းတည့် ၁၂ နာရီ တွင် အစည်းအဝေးပြီးမြောက် ခဲ့ကြောင်း သိရသည်။

ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုဆုများချီးမြင့်

 

ရှမ်းပြည်နယ် ( အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၄ •၇•၂၀၁၈)ရက်၊ဗုဒ္ဓဟူးနေ့ ၊နံနက်(၁၀:၀၀)နာရီ အချိန်တွင် (အ•ထ•က)ကျောင်း၂(၀၁၇-၂၀၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား / သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးတို့မှ တတ်ရောက်ခဲ့ကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

မလှိုင်မြို့၌ ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်အခမ်းအနားကျင်းပ

 

မလှိုင် ဇူလိုင် ၃

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အလံသစ်တင်အခမ်းအနား ကို ကျင်းပခဲ့ကြသည်။

ပါတီအလံသစ်တင် အခမ်း အနားကို မလှိုင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ ဥပစာ၌ ယနေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်အလံ အား အလေးပြုခြင်း နိုင်ငံတော် သီချင်းသံပြိုင်သီဆိုခြင်းများပြုလုပ် ခဲ့သည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ တွေ့ဆုံ

 

သုံးခွမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန် ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင် မြတ်စု၊ တိုက်နယ်တာဝန်ခံ ဦး ကြည်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁ဝနာရီက ပဒတ္ထိုင်း ကျေးရွာနေ မြို့နယ်ပါတီကော်မတီ အရန်တပ်ဖွဲ့ဝင် ကိုစည်သူအောင် (၂ဝ၁၈တက္ကသိုလ်ဝင်တန်းအောင်) ၏နေအိမ်သို့သွားရောက်ကာပညာ သင်ထောက်ပံ့ကြေးငွေကျပ်၅ဝဝဝဝ ပေးအပ်ခဲ့ပြီး အားပေးစကားပြော ကြားခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကရသူရိမြို့တွင် ပါတီဆိုင်းဘုတ်တင်

 

ဘုတ်ပြင်း ဇူလိုင် ၃

ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ အမှတ်(၃)ရပ်ကွက်တွင် ယနေ့နံနက် ၉နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပြီး ပါတီဝင်တွေ့ဆုံပွဲ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အတွင်းရေးမှူး ဦးသူရဝင်းတင်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ ကာ ပါတီဆိုင်းဘုတ်တင်ကြပြီးနောက် ပါတီဝင်များတွေ့ဆုံပွဲ ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပါတီဝင်တွေ့ဆုံပွဲသို့ စုစုပေါင်းအင်အား ၄ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။