ရန်ကုန် ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်အရေး ပြည်သူ့သဘောထားအမြင်ဆွေးနွေး ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဝါရင့် သတင်းစာဆရာကြီး စာရေးဆရာ တက္ကသိုလ်မြတ်သူ၊ အရှေ့ပိုင်း ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်းနှင့် ခရိုင်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှ မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်စာရေးဆရာအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ အင်အား ၈၅ဦး ခန့်တက်ရောက်ခဲ့ကြသည်။