၁၄ ၊ စက်တင်ဘာ ၊ ၂၀၁၈
ယနေ့နံနက် (၆) နာရီအချိန် သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအား ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ သံဃာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်းဆပ်ကပ်ကာ သထုံမြို့ ကိုးနဝင်းဆရာတော်မှ တရားရေအေးတိုက်ကျွေးခဲ့ပေးပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကာ ဖိတ်ကြားထားသော ဧည့်သည်တော်များအား ကော်ရည်ခေါက်ဆွဲ ကျွေးမွေးဧည့်ခံခဲ့ပါသည်။



