မကွေး စက်တင်ဘာ ၁၁
မကွေး စက်တင်ဘာ ၁၁
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ တောင်ပိုင်းခရိုင် မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံများ စုပေါင်း၍ ယနေ့ နေလည် ၁၁ နာရီအချိန်က သန်လျင်မြို့နယ် ဇမ္ဗူသီရိချမ်းမြေ့မေတ္တာကျောင်းရှိ သီလရှင် (၁၁၈) တို့အား ဆွမ်းဆန်အိတ် ၃ အိတ်၊ ဗလာစာအုပ် ဒါဇင် (၅၀)၊ ဘောလ်ပင် (၁၀)ဗူး၊ ခဲတံ (၁၀)ဗူး၊ တစ်ခါသုံး ခေါင်းရိတ်ဓား (၇)ဗူး၊ စုစုပေါင်းတန်ဘိုးငွေ ၃၁၀၀၀၀ိ/ သုံးသိန်းတစ်သောင်းကျပ်တိတိအား သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဋ္ဌများ တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာ ကော်မတီဝင်များ စုစုပေါင်း အင်အား (၇၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
WMO
စက်တင်ဘာ ၁၁
ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအားကြိုဆိုထောက်ခံသောအားဖြင့် ယနေ့ နံက် ၁၁း၃၀ အချိန်တွင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းလိုင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဌေး လူငယ်ရေးရာဥက္ကဌ ဦးဌေးမြင့်အောင်၊ လူငယ်အတွင်းရေးမှူး ဦးအောင်ဇော်ထွန်း၊ ရေးရာအလိုက်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များမှ ချောက်မြို့ ရေနံဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများနှင့် ချောက်မြို့ မြို့မရဲစခန်းတို့တွင် အကြောင်းအမျိုးအမျိုးကြောင့် ချုပ်နှောင်ခံထားရသော အချုပ်သားများအား နေ့လည်စာ ထမင်းဗူးများ အာဟာရဒါနအဖြစ် ကျွေးမွေးခဲ့ပါသည်။
ချမ်းမြသာစည် စက်တင်ဘာ ၁၁
မြစ်ကြီးနား၊ စက်တင်ဘာ ၁ဝ
၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့သည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနား မြို့ ရမ်ပူရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူများအား သွား ရောက်တွေ့ဆုံကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရသည့်အကြောင်းရင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒများနှင့် ပြည်သူ အပေါ် အမှန်တကယ်ထားရှိသော သဘောထားများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်အနိုင်ရရှိရေးအတွက် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ရန်ကုန် စက်တင်ဘာ ၁ဝ
ရန်ကုန် စက်တင်ဘာ ၁ဝ
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက အမျိုးသမီးညီလာခံ ကို ကြိုဆိုထောက်ခံသောအားဖြင့် သစ်သီးနှင့်ပန်းအလှပြင်သင်တန်း ကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄နာရီကကူးတို့ဆိပ်ရပ်ကွက်ခေမာ သီဝံကျောင်းတိုက်တွင် ပြုလုပ် ခဲ့သည်။
ဘုလလင် စက်တင်ဘာ ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘုတလင် မြို့နယ် အမျိုးသမီး ရေးရာ ကော်မတီမှ ဦးဆောင်၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဝါဆိုသင်္ကန်းကပ်ခြင်းကို ထန်း တောရွာ တာဝတိံသာကျောင်း တိုက်၌ယမန်နေနံနက်ပိုင်းတွင်ကျင်းပ ခဲ့သည်။
ရန်ကုန် စက်တင်ဘာ ၁ဝ
ရန်ကုန် စက်တင်ဘာ ၁ဝ
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကော်မတီ တာဝန်ခံများ၊ ဗဟိုအမျိုးသမီး ညီလာခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပသည်။
အဆိုပါညှိနှိုင်း အစည်းအဝေး သို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှဗဟိုကော်မတီဝင်ရန်ကုန် တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များခရိုင်နှင့် မြို့နယ် ပါတီအမျိုးသမီးရေးရာတာဝန်ခံ များ တက်ရောက်ကြသည်။