ကွင်းဆင်းစည်းရုံးဆောင်ရွက်ခြင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဦးဝင်းမောင်သိန်း ဗန်းမော်ခရိုင်ဥက္ကဌဦးသန်းဇော်လေး နှင့်ခရိုင်ကော်မတီဝင် ဦးကျော်စွာဝင်း ဗန်းမော်မြို့နယ် ဥက္ကဌဦးသက်ဝင်းနှင့် ကော်မတီဝင်များသည် ယနေ့နံနက် ၉နာရီအချိန်က ချောင်းဝကျေးရွာမှ ကျေးရွာသူ/သားများအား ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရသည်။
#Amiko


မ​ကွေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီ ပခုက္ကူခရိုင် ​နှင့် ဂန့်​​ဂေါခရိုင်​တို့မှပါတီ​ကော်​မတီဝင်​များ ​တွေ့ဆုံပွဲပြုလုပ်

 

ပခုက္ကူ၊ ၊ စက်​တင်​ဘာ ၂၆

တာမွေကြီး(ခ)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်သည် စက်တင် ဘာ ၂၆ ရက် နံနက်ပိုင်းက တာမွေကြီး(ခ)ရပ်ကွက် ပြည်သူများအား နွေးထွေးစွာ ဂါရဝပြုတွေ့ဆုံ ခဲ့ကြောင်း သိရသည်။


လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့် ကျောင်းသား/သူများအား အာဟာရဒါနပြုလှူဒါန်းခြင်းနှင့် ကိုယ်ထူကိုယ်ထ ကျောင်းဆောင်အတွက် ဘိလပ်မြေအိတ်များ လှူဒါန်း

 

၆.၉.၂၀၁၈ ရက်​​နေ့ နံနက်​ ၁၁းဝဝ နာရီအချိန်တွင်​ ပဲခူးတိုင်း​ဒေသကြီး အုတ်​တွင်းမြို့နယ်​ ကျွဲပွဲမြို့ အမှတ် ​(၃) ရပ်​ကွက်​​နေ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီမှ ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ဝင်​​ရောက်​​ရွေးချယ်​ခံမည့် တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့်မှ အသက်​ ၅၄ နှစ်​ပြည့် အထိမ်းအမှတ်​အ​နေဖြင့် ကျွဲပွဲမြို့ မင်းကန်​ရိုး မူလတန်းလွန်​​ကျောင်းမှ ​ကျောင်းသူ /​ကျောင်းသားများအား အဟာရဒါနပြုလှူဒါန်းခဲ့ပြီး ကိုယ်​ထူကိုယ်​ထ ​ကျောင်း​ဆောင်​အတွက်​ လိုအပ်​လျှက်​ရှိ​သော ဘိလပ်​​မြေ (၁၀) အိပ်​ကိုလည်း လှူဒါန်းခဲ့​ကြောင်း သတင်းရရှိပါသည်​ ။

ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ကုသိုလ်ယူ

 

ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ ၂၇ – ၉ – ၂၀၁၈ ရက်နေ့ နံနက်ပိုင်းအချိန် ဗုဒ္ဓမြတ်စွယ်တော်တိုက်ရှေ့နှင့် သကျမုန်မိုးကောင်းဃ်းဘုရားကြီး အာရုံခံတန်ဆောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်ပွဲတော် ကျင်းပရာ ဘုရားကြီးဝန်းနှင့်မင်းသားကြီးကန်ဘေးပါတ်လည်အား သန့်ရှင်းရေးဆောင်ရွက်ခြင်း မင်းသားကြီးကန်အတွင်းရှိ အမှိုက်များအား ဆယ်ယူသန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ပေါင်းတည်ပြည်ခိုင်ဖြိုး
သတင်းနှင့်ပြန်ကြားရေးအဖွဲ့

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လုပ်အားဒါနကုသိုလ်ပြုလုပ်

 

စက်တင်ဘာ ၂၇ ပေါင်းတည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ကျင်းပပြုလုပ်မည့် ဗဟိုအမျိုးသမီးရေးရာ ညီလာခံအား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ဘုရားကြီးဝန်း မင်းသားကြီးကန်တော် ပါတ်ဝန်းကျင် သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ လုပ်အားဒါနပြုလုပ်ရာသို့ တိုင်းပါတီအမျိုးသမီးရေးရာတာဝန်ခံ တိုင်းပါတီကော်မတီဝင် ဒေါ်ထားထားနု နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့်မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်ရေးရာ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၀ ခန့် ပါဝင်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ကနီ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် လင်ပုန်း ရည်ကျေးရွာအုပ်စု ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင် နေ အိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့် ပါတီဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ သည်။

ခင်ဦးမြို့နယ် ကျွန်းလည်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

ဝက်လက် စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ်တွင် ဗဟိုအမျိုး သမီးရေးရာညီလာခံကိုကြိုဆိုဂုဏ် ပြုသောအားဖြင့် ကျွန်းလည်ကျေး ရွာ ဦးကြည်မောင်၏နေအိမ်တွင် ပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ပါတီဆိုင်းဘုတ်တင်ပွဲ နှင့်အတူ လူထုတွေ့ဆုံပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာဦးမြင့်သိန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေး နှင့်ခင်ဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်း မြင့်တို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။

ဗဟိုအမျိုးသမီးညီလာခံဂုဏ်ပြုကြိုဆို သီလရှင်စာသင်တိုက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အမျိုးသမီးထုစုပေါင်းလှုပ်ရှားမှုဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီ လာခံကို ဂုဏ်ပြုကြိုဆိုသောအား ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုး သမီးရေးရာအဖွဲ့မှ ဦးဆောင်ကာ ယမန်နေ့ နံနက် ၉ နာရီက ၄၈ ရပ် ကွက် စိန္ဒကျော်သူဦးသြလမ်းရှိ သုဝဏ္ဏဘူမိခေမာရာမ သီလရှင် စာသင်တိုက်အတွင်းအမျိုးသမီးလှုပ် ရှားမှုအဖြစ် သန့်ရှင်းရေးလုပ်အား ပေးပေါင်းမြက်များရှင်းလင်းခြင်း၊စာ သင်သားသီလရှင်များအား သွားနှင့် ခံတွင်းရောဂါကုသခြင်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လောင်းလှူ ခြင်းများပြုလုပ်ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက အင်အား ၂ဝခန့်ဖြင့် စည်းရုံးမှုများပြုလုပ်

 

ရန်ကုန် စက်တင်ဘာ ၂၆

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု တာမွေ မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်း ကျော်က အင်အား ၂ဝခန့်ဖြင့် စည်းရုံးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။