ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော် – စက်တင်ဘာ ၂၀

ယနေ့ ၂၀-၉-၂၀၁၈ ရက်နေ့ နံနက်(၁၀း၁၅)နာရီမှ နေ့လည် (၁၂း၂၅) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား သွားပါသည်။

မြန်မာ-ထိုင်းနယ်ခြားကော်မတီမှ တနင်္သာရီရေဘေးသင့်ပြည်သူများသို့ ကယ်ဆယ်ရေးပစ္စည်းများ လွဲပြောင်းပေးအပ်လှူဒါန်း

 

ကော့သောင်း စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နှင့်အနီး တစ်ဝိုက်ဒေသကျေးရွာများရှိ ရေ ဘေးသင့်ပြည်သူများအား ထောက် ပံ့ပေးအပ်နိုင်ရေးကယ်ဆယ်ထောက် ပံ့ရေးပစ္စည်းများ လွဲပြောင်းပေး အပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကော့ သောင်းမြို့ မြို့မတံတားတွင် ပြု လုပ်သည်။

ဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြု ကျောင်းသားကျောင်းသူများအားဗလာစာအုပ်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၁၉

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ပန်းဘဲတန်း မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝင်း(၁)၊ ခရိုင်ကော်မတီဝင် ဒေါ်စန်း စန်းဝင်း (၂)၊ ပန်းဘဲတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးရီနှင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပန်းဘဲတန်း မြို့နယ် အခြေခံပညာမူလတန်း အမှတ်(၃)ကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းနှစ်ဦး မီဒီယာများနှင့်တွေ့ဆုံရှင်းလင်း

 

ရန်ကုန် စက်တင်ဘာ ၁၉

ကြားဖြတ်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းဒေသ ကြီးမှဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းနှစ်ဦးသည် မီဒီယာများနှင့် ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်တွေ့ဆုံရှင်းလင်းခဲ့သည်။

လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ရွေးချယ်ခံမည့်တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်မှဦးမျိုးဝင်းကျော်နှင့် ဆိပ်ကမ်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်မဲ ဆန္ဒနယ်မှဝင်ရောက် အရွေးချယ်ခံမည့် ဦးနေမျိုးအောင်တို့က သတင်းမီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား စက်တင်ဘာ ၁၉

(၂ဝ၁၈)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့နှင့် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်နေ ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရပ်ကွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နေအိမ်၌ ကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပ

ပုသိမ်ကြီး၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနား ကို စက်တင်ဘာာ (၁၈) ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အင်းတိုင်ကျေးရွာ ရပ်ကျေးဥက္ကဌနှင့်အဖွဲ့ဝင်များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် မြို့နယ်ကော်မတီဝင် ကိုးဦးတို့သည် ယမန်နေ့နံနက် ၁ဝ နာရီက လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာ ဇေယျာမြင့်ရပ်ကွက်သို့ ရောက်ရှိပြီး ဦးကျော်သာ ၏နေအိမ်တွင် ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိအခြေအနေ များအား ရှင်းလင်းဆွေးနွေးပြီး ရပ်ကွက်ပြည်သူများမှ ပါတီဝင်အဖြစ် လျှောက်ထားတင်ပြလာသည့် အဆိုပြုလွှာ ၆၈ စောင်အား လက်ခံခဲ့သည်။