မန္တလေး စက်တင်ဘာ ၃ဝ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂x၄ဝလမ်းထောင့်တွင် ယမန်နေ့နံနက် ၉ နာရီက ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။အခမ်းအနား၌မင်္ဂလာအချိန်ကျရောက် သောအချိန်တွင် ပါတီအောင်နိုင်ရေးဆိုင်း ဘုတ်ကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်း အောင်ကြည် ဦးဆောင်သော ပါတီအဖွဲ့ ဝင်များက ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်း၍ အောင်မြင်စွာစိုက်ထူ ခဲ့ကြသည်။