ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်​ပြုကြိုဆို​သောအားဖြင့် ​ဆောမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ လုပ်​အားဒါနကုသိုလ်​ပြု​ဆောင်​ရွက်

 

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်​ပြုကြိုဆို​သောအားဖြင့် မ​ကွေးတိုင်း​ဒေသကြီး ​ဆောမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ စက်တင်ဘာ (၂၃) ရက်နေ့ နံနက်​ ၈ နာရီမှ ၁၁ နာရီအချိန်​ထိ အညာပန်းပလွန်း​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်း ပရဝုဏ်​အတွင်းနှင့် ရွာဦး​စေတီတို့တွင်​ သန့်​ရှင်း​ရေးလုပ်​အားဒါနများ ကုသိုလ်​ပြု​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းနှင့် အဆိုပါလုပ်​အားဒါနပွဲသို့ မြို့နယ်​ပါတီဥက္ကဌ ဦး​ဌေး​မောင်​နှင့် ​ကော်​မတီဝင်​များ၊ မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ခင်​စီလှိုင်​နှင့် အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ စုစု​ပေါင်းအင်​အား ၈၀ ဦးခန့်​ဖြင့် ပါဝင်​​ဆောင်​ရွက်​ကြခြင်းဖြစ်​​ကြောင်း သိရသည်​။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ပေးပို့လှူဒါန်းသော အလှူငွေများနှင့် လှူဖွယ်ဝတ္တူများအား သွားရောက်လှူဒါန်း

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်တွင် ဝါဆိုတော်မူကြသော စာသင် – စာချဆရာတော်၊ သံဃာတော်များ အပါး (၄၂၀) အတွက် ဆွမ်းဆန်စိမ်းများ၊ စားဆီပုံးများနှင့် ဝတ္တူအလှူတော် ကျပ်သိန်း (၅၀) အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုကိုယ်စား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်း ကုသိုလ်ပြုခဲ့သည်။

မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုထောက်ခံသောအားဖြင့် ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူးဒါန်းခြင်း နှင့် မုန့် အချိုရည်များ လှူးဒါန်းခြင်းပြုလုပ်

 

မြိုင်၊ စက်တင်ဘာ၂၄

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြုကြိုဆိုထောက်ခံသောအားဖြင့် မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့တင်ကျေးရွာ သာသနာ့ဒီပံကျောင်းတိုက်ဆရာတော် ဦးဝိလာသ အရှင်သူမြတ်အား ဝါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းခြင်း နှင့် အဆိုပါကျောင်းတိုက်ရှိ သာသနာ့ဥယျာဉ် ဓမ္မစကူးလ်ကျောင်းသား/သူ ၁၀၀ ခန့်နှင့် ဆရာဆရာမများအား မုန့် ၊အချိုရည်များ လှူဒါန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်နိုင် အတွင်းရေးမှူး ဦးထိန်လင်း၊ မြို့နယ်ကော်မတီဝင်များဖြစ်သော ဦးစန်းယုနိုင်၊ ဦးအောင်ကြည်စိုး၊ ဦးခင်မောင်အေး၊ ဦးနန္ဒာအောင်နှင့် လူငယ်ကိုယ်စားလှယ်များဖြစ်သော ကိုချမ်းအေး၊ ကိုအောင်သူရထွန်းတို့ လိုက်ပါခဲ့ကြပါသည် ။

လျှပ်စစ်မီးလင်းရေးအတွက် လှူဒါန်းပွဲ လွှတ်တော်ကိုယ်စားလှယ်တက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရွှေစစ်သည်အုပ်စု ရွာသစ်ကျေးရွာ ဘုရားကုန်းဓမ္မာရုံ၌ ယမန်နေ့ နံနက် ၁ဝနာရီမှစတင်၍ လျှပ်စစ်မီးလင်းရေးအတွက် အလှူငွေပေးအပ်ခြင်းနှင့် ပင့်သံဃာ ငါးပါးတို့အား ဆွမ်းကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်း ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ရာ စုစုပေါင်းကျပ်သိန်း ၁၄ဝ တိတိ လှူဒါန်းပေးအပ်ခဲ့ပြီး အလှူငွေပေးအပ်ပွဲသို့ မိတ္ထီလာမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုး အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ ကြသည်။

ကချင်ပြည်နယ် အမှတ် (၂) မဲဆန္ဒနယ်နယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့ လုံဂါစွပ်ကျေးရွာနှင့် အာလမ်ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ စက်တင်ဘာ ၂၄

၂ဝ၁၈ခုနှစ် နိုဝင်ဘာ ၃ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့သည် ပြည်နယ်ခရိုင် မြို့နယ် ပါတီတာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာ (၂၄) ရက်နေ့က မြစ်ကြီးနားမြို့ပေါ်ရှိ တပ်ကုန်းရပ်ကွက်၊မြစ်ကြီးနားမြို့ နယ် လုံဂါစွပ်ကျေးရွာနှင့်အာလမ် ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများအားရင်းရင်းနှီး နှီးတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာ၌ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပါတီတာဝန်ရှိသူများက ပါတီ၏မူဝါဒနှင့် ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး အုတ် တွင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ဗဟိုကော်မတီဝင်များကအုတ်တွင်း မြို့နယ်အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် မဲအောင်နိုင်ရေးအတွက်အမှတ်(၁) နယ်မြေရှိ အောင်နိုင်ရေးအဖွဲ့များ နှင့်တွေ့ဆုံပြီးမဲအောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြည်ခိုင်ဖြိုးပါတီ တာမွေမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့ကျင့်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိ

 

ရန်ကုန် စက်တင်ဘာ ၂၄

လာမည့် နိုဝင်ဘာ ၃ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲအတွက်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းဦးမျိုးဝင်းကျော်သည် မဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက် တွေ့ဆုံခဲ့သည်။

တမူးမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးလျက်ရှိ

 

ကြားဖြတ်ရွေးကောက်ပွဲအတွက် (USDP)မှ စစ်ကိုင်းတိုင်းဒေသ ကြီး တမူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာက ယနေ့ အခမ်းအနားများ ဖြင့် လူစုဝေးကာ မဲဆွယ်စည်းရုံး မှုများလုပ်ဆောင်နေကြောင်း သိရ သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ပန်းတနော် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့်ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ အထိ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။