ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုသောအားဖြင့် တောင်တွင်းကြီးပြည်ခိုင်ဖြိုးပါတီမှ လူငယ်များသန့်ရှင်းရေးဆောင်ရွက်

 

တောင်တွင်းကြီး စက်တင်ဘာ ၂၅

တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ဗဟိုအမျိုးသမီးညီလာခံအကြိုထောက်ခံကြိုဆိုလုပ်အားပေးပွဲ ကို ရွှေအင်းတောင်စေတီတော်မြတ်ကြီး ဘုရားရင်ပြင်တော်အတွင်းအပြင် ချုံနွယ် ပိတ်ပေါင်းများ၊ အမှိုက်များရှင်းလင်းခြင်းကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲထောက်ခံကြိုဆိုလုပ်အား ပေးပွဲအား မြို့နယ်ပါတီအတွင်းရေးမှူး၊ မြို့နယ်လူငယ်တာဝန်ခံတို့ ဦးဆောင်လျက် ရပ်ကွက်နှင့် ကျေးရွာအမျိုးသမီးကော်မတီဝင်များ၊ လူငယ်ကော်မတီဝင်များဖြင့် စုပေါင်းသန့်ရှင်းကုသိုလ်ယူခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး ခရိုင်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေဘို စက်တင်ဘာ ၂၅

ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ခရိုင် တိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ရွှေဘိုခရိုင် ပါတီရုံးတွင်ကျင်းပရာ တက်ရောက်လာကြသော မြို့နယ်ပါတီဥက္ကဋ္ဌများက မိမိတို့ မြို့နယ်အလိုက်လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေး ကြသည်။

ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးခဲ့သည်။

ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံမိတ်ဆက်

 

တမူး စက်တင်ဘာ၂၅

တမူးပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အတူ ယမန်နေ့က ထင်းဇင်ကျေး ရွာသို့ရောက်ရှိရာ ကျေးရွာပြည်သူ များက လှိုက်လှဲပျူငှာစွာကြိုဆိုခဲ့ ကြသည်။ ခရိုင်ကော်မတီဝင် ဦးအောင်ကိုလတ်က မဲပေးနည်း စနစ်များကို ရှင်းလင်းပြောကြားပြီး ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာက မိမိအနေဖြင့်ဒေသဖွံ့ဖြိုး ရေးအထူးဦးစားပေးလုပ်ဆောင်ပေး မည်ဖြစ်ကြောင်း၊ ပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနေမည့်ပြည်သူ့ ကိုယ်စားလှယ်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမိတ် ဆက်စကားပြောကြားခဲ့သည်။

တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ယုံကြည်စွာမဲပေးနိုင်ရေးဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၅

နိုဝင်ဘာ ၃ ရက်တွင် ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် (USDP) ကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က ပြည်သူအများ ယုံကြည်စွာမဲပေးနိုင်ရေးအတွက် ယခုအခါ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၅

နေပြည်တော် လယ်ဝေးမြို့နယ် ဗဟို အမျိုးသမီးညီလာခံအကြိုအမျိုးသမီးနှီးနှော ဖလှယ်ပွဲအခမ်းအနားကို မြို့နယ်ပါတီရုံး ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားအစီအစဉ်အရ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံ အားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုကာဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည် ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း က အဖွင့်အမှာစကားပြောကြားခြင်း၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် အမျိုးသမီးတာဝန်ခံမှ အမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲကျင်းပရခြင်း၏ရည် ရွယ်ချက်များအားရှင်းလင်းခြင်း၊ စာတမ်း များဖတ်ကြားခြင်းအစီအစဉ်များကို ဆက် လက်ဆောင်ရွက်သည်။

ဇွဲကပင်ဆရာတော်ထံသို့ ပါတီဌာနချုပ်မှ ဆန် ဆီ နဝကမ္မ အလှူငွေအား ကရင်ပြည်နယ်တာဝန်ခံသွားရောက်လှူဒါန်း

 

ဘားအံ စက်တင်ဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည် နယ်တာဝန်ခံဦးသူရိန်ဇော်သည် ယမန်နေ့ နံနက်ပိုင်းက ဇွဲကပင်ဆရာတော်ထံသို့ ပါတီဌာနချုပ်မှလှူဒါန်းသော ဆန်အိတ်၊ ဆီပုံးနှင့် နဝကမ္မအလှူငွေများကို သွား ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ရန်လင်းဖိုင်အမကတွင် ဗလာစာအုပ်များလှူဒါန်း ဝါဆိုသင်္ကန်းဆက်ကပ် ကျောင်းဝင်းသန့်ရှင်းရေးလုပ်အားပေး

 

တမူး စက်တင်ဘာ၂၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တမူးခရိုင်မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ သည် ယမန်နေ့က တမူးမြို့နယ် ရန်လင်းဖိုင်အမကတွင် ဗလာ စာအုပ်လှူဒါန်းခြင်း၊ထင်းဇင်ကျေးရွာဆရာတော်အားဝါဆိုသင်္ကန်း နှင့်နဝကမ္မဆက်ကပ်ခြင်း၊ ဘုန်းကြီးကျောင်းဝင်းအတွင်း သန့်ရှင်း ရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကြိုဆိုဂုဏ်ပြုပွဲ သို့ ခရိုင်မြို့နယ်မှအမျိုးသမီးရေးရာတာဝန်ခံများ၊ ရပ်/ကျေးအမျိုး သမီးရေးရာအဖွဲ့ဝင်များအင်အား ၇ဝ ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြ ပြီး ခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့်ခရိုင်မြို့နယ်မှ ပါတီကော် မတီဝင်များတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျ

 

ကနီ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးယင်းမာ ပင်ခရိုင် ကနီမြို့နယ် မုဌောအုပ်စု ရပ်/ကျေးပါတီဥက္ကဋ္ဌ နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ဇလွန်တွင် ပါတီဝင်အဆိုပြုလွှာများစုပေါင်းပေးအပ်

 

ဇလွန် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပါတီဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ဒေါင့်ကြီး တိုက်နယ် ဒေါင့်ကြီးကျေးရွာအုပ်စပြည်လုံးချမ်းသာတန်ဆောင်းကြီးတွင် ယမန်နေ့ နံနက်ကကျင်းပခဲ့သည်။

ပြင်​ဦးလွင်​မြို့နယ်​တွင်​ ကျင်းပ​​သော “၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

 

စက်​တင်​ဘာ(၂၅)၊ ပြင်ဦးလွင်

 

ပြင်​ဦးလွင်မြို့နယ်​၊ကျွဲနွား​ထောက်​​ကျေးရွာခန်းမတွင်​ ယ​နေ့နံနက်​(၉)နာရီ(၃၀)မိနစ်​မှ(၁၁)နာရီ(၃၀)မိနစ်​အထိ ကျင်းပ​သော“၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံတော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ၂၀၁၈ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပြည်​ခိုင်​ဖြိုးပါတီအား ကိုယ်​စားပြု၍ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိုင်းအောင်​ကြည်​အား မဲဆန္ဒရှင်​ပြည်​သူလူထုထံ မိတ်​ဆက်​၍ ၎င်း၏ကိုယ်​​ရေးအကျဉ်းအား တွဲဖက်​အခမ်းအနားမှူး​ဒေါ်ဟန်​နီ​ဇော်​မှ ဖတ်​ကြား​ပေးခဲ့သည်​။