P10 နဲ့ P10 Plus ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် Huawei ဟာ တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရရှိခဲ့ပါတယ်။ Canalys သုတေသနအဖွဲ့ရဲ့အဆိုအရ Huawei အနေနဲ့ ၂၀၁၇ ပထမသုံးလပတ် အတွင်း စမတ်ဖုန်း ၂၁ သန်း ရောင်းချခဲ့ပြီး ဈေးကွက်ရှယ်ယာ ၁၈ ရာခိုင်နှုန်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။













