ကမ္ဘာ့အကြီးဆုံး eSports ကုမ္ပဏီ ESL ဟာ နာရီ ၅,၅၀၀ ကျော်စာ eSports ပြိုင်ပွဲတွေနဲ့ အခြား original content တွေကို လူမှုရေးမီဒီယာ platform မှာ တိုက်ရိုက် ထုတ်လွှင့်ရန်အတွက် Facebook နဲ့ ပူးပေါင်းသွား မယ်လို့ ကြေညာလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး eSports ကုမ္ပဏီ ESL ဟာ နာရီ ၅,၅၀၀ ကျော်စာ eSports ပြိုင်ပွဲတွေနဲ့ အခြား original content တွေကို လူမှုရေးမီဒီယာ platform မှာ တိုက်ရိုက် ထုတ်လွှင့်ရန်အတွက် Facebook နဲ့ ပူးပေါင်းသွား မယ်လို့ ကြေညာလိုက်ပါတယ်။

နာမည်ကျော်အွန်လိုင်း ဝန်ဆောင်မှုတွေက ခိုးယူထားတဲ့ email နဲ့ password သန်း ၅၆၀ ကျော်ပါဝင်တဲ့ database တစ်ခုကို လုံခြုံရေး သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ database ကို Kromtech Security Research Center က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်အများစုကို Troy Hunt ရဲ့ Have I Been Pwned ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတာကြောင့် သုံးစွဲသူတွေက မိမိတိုရဲ့ account တွေ ထိန်းချုပ်ခံရမှု ရှိ၊ မရှိကို စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။

mail နဲ့ password အရေအတွက် သန်း ၅၆၀ ခန့်ပါဝင်တဲ့ database ကို လုံခြုံရေးသုတေသီတွေ ရှာဖွေ တွေ့ရှိခဲ့ တဲ့အတွက် အဆိုပါ database တွေထဲမှာ ကိုယ့်အကောင့် ပါ မပါ စစ်ဆေးသင့် ပါတယ်။ တကယ်လို့ ကိုယ့် account တွေနဲ့ password တွေဟာ ပေါက်ကြားခဲ့တဲ့ စာရင်းထဲမှာ ပါဝင်မှု ရှိ၊ မရှိ ဆိုတာကိုသိချင်ရင် ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးကာကွယ်နိုင်ပါတယ်။

Play Store ကနေ download လုပ်လို့မရတဲ့ apk ဖိုင်တွေကို အခြားနေရာကနေ download လုပ်ယူတဲ့အခါ ဖြစ်ဖြစ်၊ Play Store မှာ မတင်ထားတဲ့ apk ဖိုင်တွေကို ထည့်သွင်းသုံးစွဲလိုတဲ့ အခါမှာပဲဖြစ်ဖြစ် apk ဖိုင်တွေမှာ virus တွေ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပြီးမှ သုံးစွဲသင့်ပါတယ်။

ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေမှာဖြစ်ပွားခဲ့တဲ့ WannCrypt ransomware တိုက်ခိုက်မှုတွေကြောင့် Windows XP လိုမျိုး အထောက်အပံ့မပေးတော့တဲ့ operating system တွေအတွက် patch တွေကို Microsoft က ဖြန့်ချိလိုက်ပါတယ်။

စမတ်ဖုန်းကို လုံခြုံရေး ကင်မရာလိုမျိုး အသုံးပြုနိုင်ပါတယ်။ ဒီနည်းကို Android နဲ့ iOS ဖုန်းနှစ်မျိုးလုံးမှာ သုံးနိုင်ပါတယ်။ ခုတော့ Android ကိုသုံးပြီး ပြုလုပ်ပုံကို ဖော်ပြပေးသွားပါမယ်။ ဒီစနစ်ကို သုံးဖို့အတွက် ဖုန်းတွေမှာ အွန်လိုင်း ချိတ်ဆက်ထားဖို့လိုမှာ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် အချက်အလက်များအရ Samsung ရဲ့ Tizen ဟာ Android Wear ကိုကျော်ဖြတ်ပြီး ကမ္ဘာ့ ဒုတိယ အကျော်ကြားဆုံး စမတ်နာရီ OS ဖြစ်လာတယ်လို့ သိရပါတယ်။

စမတ်ဖုန်းတွေကို နှစ်ကြိမ် အားအပြည့်သွင်းပေးနိုင်မယ့် 5,100mAh power bank ကို Samsung က ပွဲထုတ် မိတ်ဆက်လိုက်ပါတယ်။

Chrome Browser မှာ အသုံးပြုတဲ့ extension ကို အခြားသူများကို ဝေမျှချင်လို့ပဲဖြစ်ဖြစ် backup အနေနဲ့ သိမ်းထားချင်တာပဲဖြစ်ဖြစ် install ပြုလုပ်ထားတဲ့ extension ဖိုင်ဖြစ်တဲ့ .crx ဖိုင် ကို export ပြုလုပ်ထားနိုင် ပါတယ်။ Browser extension ကို export လုပ်ထားတဲ့အတွက် နောက်ပိုင်းမှာ အလွယ်တကူနဲ့ install လုပ်နိုင် သလို အခြားသူတွေကလည်း အလွယ်တကူနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Chrome browser extension တွေကို export လုပ်ပြီး backup လုပ်ထားချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်း အတိုင်း အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ် export လုပ်မယ့် extension ရဲ့ ID ကို မှတ်သားထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ Chrome browser extension ကို export ပြုလုပ်ဖို့အတွက် Chrome browser ရဲ့ ညာဘက်ထောင့် အပေါ် နားမှာရှိတဲ့ settingsmenu ကို နှိပ်ပါ။ ပြီးရင် extension ဆိုတာကို ရွေးချယ်ပါ။

နာမည်ကျော် selfie app ကိုဖန်တီးတဲ့ တရုတ်ကုမ္ပဏီ Meitu ဟာ Sailor Moon ပရိသတ်တွေအတွက် M8 စမတ်ဖုန်း special edition တစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။
