
Gameloft ကထုတ်လုပ်ထားတဲ့ နာမည်ကြီး ဂိမ်းအမျိုးအစားတွေကို MPT နဲ့ ပူးပေါင်းကာ ဂိမ်းဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီ ဝန်ဆောင်မှုကို တစ်ရက်လျှင် ၂၀၀ ကျပ်နှုန်းနဲ့ gameloft ကထုတ်လုပ်ထားတဲ့ Asphalt, Real Football, Modern Combat, N.O.V.A အစရှိတဲ့ နာမည်ကြီး ဂိမ်းတွေကို ရယူကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းထဲကနေ တစ်ဆင့် ဂိမ်းထဲမှာပါဝင်တဲ့ In-App Purchase ဝယ်ယူခြင်းကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။









