
စမတ်ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးတဲ့ နည်းပညာတွေ ထွက်ပေါ်နေပြီ ဖြစ်ပြီး လျှပ်စစ်ကားတွေကိုလည်း အဲဒီလို ကြိုးမဲ့အားသွင်းပေးနိုင်ရင် တော်တော် အဆင်ပြေမှာပါ။ အခုတော့ ဆွီဒင်က Chalmers University မှ သုတေသနပညာရှင်တွေက လျှပ်စစ်ကားတွေကို 500 kW Power နဲ့ ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ အားသွင်းနှုန်းနဲ့ဆိုရင် လျှပ်စစ်ကား ဘက်ထရီကို မိနစ်အနည်းငယ်အတွင်း အားသွင်းပေးနိုင်မှာပါ။








