
အမေရိကန်လေတပ်ဟာ အလိုအလျောက်မောင်းသူမဲ့လေယာဉ်တွေအတွက် မျက်နှာမှတ်မိပြီးတိုက်ခိုက်နိုင်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး အက်ဖ်တီအာစနစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆီရက်တယ်လ် အခြေစိုက် RealNetworks ကုမ္ပဏီတို့အကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အဲဒီမောင်းသူမဲ့လေယာဉ်တွေကို နိုင်ငံရပ်ခြားဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့အပြင် ထောက်လှမ်းရေး နဲ့ အထူးစစ်ဆင်ရေးတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။









