Redmi ရဲ့ အသစ်ထွက် Note 12 Turbo မှာ 6.67″ မျက်နှာပြင် , 2nd Gen Snapdragon 7+ chip ,
64(OIS)+8+2MP အနောက်ဘက် ကင်မရာ နဲ့ 16MPရှေ့ဘက်ကင်မရာ , 5000mAh ဘက်ထရီ , Android 13(MIUI 14) စနစ် ပါပါမယ်။ အရောင်ကတော့ သုံးမျိုး ရှိပါမယ်။
Redmi ရဲ့ အသစ်ထွက် Note 12 Turbo မှာ 6.67″ မျက်နှာပြင် , 2nd Gen Snapdragon 7+ chip ,
64(OIS)+8+2MP အနောက်ဘက် ကင်မရာ နဲ့ 16MPရှေ့ဘက်ကင်မရာ , 5000mAh ဘက်ထရီ , Android 13(MIUI 14) စနစ် ပါပါမယ်။ အရောင်ကတော့ သုံးမျိုး ရှိပါမယ်။
တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးဟာ ဂြိုဟ်တုဆက်သွယ်ရေးပါရှိတဲ့ Mate X3 ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ကွေးညွှတ်စမတ်ဖုန်းဖြစ်တဲ့ Mate X3 ကို Snapdragon 8+ Gen 1 နဲ့ အထိုင်ချထားပြီး Ram 12G ထည့်သွင်းထားကာ ကြိုးမဲ့အားသွင်းစနစ်လည်းပါဝင်ပြီး ဘက်ထရီကတော့ ၄၈၀၀ မီလီအမ်ပီယာကို အသုံးပြုထားပါတယ်။
နာမည်ကြီး Tipster Digital Chat Station က Xiaomi ဟာ ၅ မိနစ်ထဲနဲ့ ဖုန်း ၁ လုံးကို အားအပြည့်သွင်းပေးနိုင်တဲ့ 300W Super-fast Charging နည်းပညာကို အမြောက်အများထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ ဒီနည်းပညာ ပါတဲ့ Redmi Note 12 Pro+ Modified Version ကို မကြာခင်က သရုပ်ပြခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ရထားသံလမ်းတွေကြား ဆိုလာပြားတွေ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ရထားလမ်းကွန်ရက်က မိုင် ၂၀၀၀ ကျော် ရှည်လျားပြီး ရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ဆိုလာပြားတွေ တပ်ဆင်လိုက်ရင် တစ်နာရီကို 1 terawatt (one trillion watt) ထုတ်လုပ်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ စွမ်းအင်အသုံးပြုမှု ၂ ရာခိုင်နှုန်းအထိ ကာမိမယ်လို့ ဆိုပါတယ်။
Huawei ဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်လာပြီး ကားထုတ်လုပ်သူတွေနဲ့ ပူးပေါင်းကာ စွမ်းရည်မြင့် လျှပ်စစ်ကားတွေကို တရုတ်မှာ ထုတ်လုပ်နေပါတယ်။ အခုတော့ Huawei ရဲ့ 600kW Charger Station ရဲ့ ဓါတ်ပုံ ပေါက်ကြားလာပြီး အားသွင်းစွမ်းရည်က Tesla အပါအဝင် ပြိုင်ဖက်တွေထက် များစွာ သာလွန်နေပါတယ်။
ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ၂၀၂၂ ခုနှစ် ကွာတား ၄ မှာ ကြီးမားစွာ ပြောင်းလဲခဲ့တယ်လို့ Counterpoint Research ရဲ့ မကြာခင်က စစ်တမ်းက ဖော်ပြနေပါတယ်။ အကြီးမားဆုံးပြောင်းလဲမှုက Apple ဟာ Samsung ကို ကျော်တက်ပြီး ကမ္ဘာ့ စမတ်ဖုန်း ရောင်းအား အကောင်းဆုံးဖြစ်ခဲ့တာပါ။