
ဖိလစ်ပိုင်သမ္မတဒူတာတီသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကို ဟန့်တားရန် ချမှတ်ထားသည့် စည်းမျဉ်းများအား ဖောက်ဖျက်ပါက ပစ်သတ်ရန် ခွင့်ပြုချက်ပေးထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ဖိလစ်ပိုင်သမ္မတဒူတာတီသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကို ဟန့်တားရန် ချမှတ်ထားသည့် စည်းမျဉ်းများအား ဖောက်ဖျက်ပါက ပစ်သတ်ရန် ခွင့်ပြုချက်ပေးထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ခဲ့တဲ့ ဆရာဝန်တစ်ဦးက သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိတာကို စစ်ဆေးတွေ့ရှိတယ်လို့ မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မြို့တော် မော်စကိုရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေကို ကုသပေးတဲ့ ဆေးရုံကို သမ္မတ ပူတင် သွားခဲ့ရာမှာတော့ ဒေါက်တာ ဒန်းနစ်ပရိုရှန်ကိုဟာ ပူတင်ကို ဆေးရုံအတွင်း လိုက်လံပြသခဲ့ပါတယ်။

အိန္ဒိယမှာတော့ ဗိုင်းရပ်စ်ထိန်းချုပ်ဖို့ တစ်နိုင်ငံလုံးကို lockdown ချရာမှာ သန်းပေါင်းများစွာသော ဆင်းရဲသား ပြည်သူတွေကို ထိခိုက်နစ်နာမှုရှိ သွားစေတဲ့အတွက် ခွင့်လွှတ်ပေးဖို့ ဝန်ကြီးချုပ်နရင်ဒြာမိုဒီက ပြောကြားခဲ့ပါတယ်။
အိန္ဒိယမှာ အိမ်ထဲက အိမ်ပြင်မထွက်ဖို့ ကန့်သတ်မှုကြောင့် နိုင်ငံသား ၁ ဒသမ ၃ ဘီလျံကျော်ဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ထောင်နဲ့ချီနဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာလည်း သူတို့ မွေးရပ်ဇာတိကို ပြန်ဖို့ ကီလိုမီတာထောင်နဲ့ချီ ကုန်းကြောင်းခရီးနှင်ခဲ့ရပါတယ်။ -Ref:BBC

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီမနက်အထိ ကမ္ဘာတဝန်းကူးစက်သူပေါင်း ခုနစ်သိန်းကျော်(၇၂၁,၄၂၁) နဲ့ သေဆုံးသူ သုံးသောင်းကျော် (၃၃,၉၅၆) ရှိလာပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးမှာ လူစုလူဝေးရှောင်ကြဖို့၊ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြဖို့ ကန့်သတ်မှုကို အနည်းဆုံး ဧပြီ ၃၀ ရက်အထိ တိုးမြှင့်သွားမယ် လို့ သမ္မတထရမ့်ကပြောပါတယ်။

ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် အီတလီနိုင်ငံရဲ့ လူသေဆုံးမှုအရေ အတွက်ဟာအများဆုံးဖြစ်သွားပြီလို့ အခုလ(၁၉)ရက်က ကျန်းမာရေးဌာနက ကြေညာခဲ့ပါတယ်။
လူသေဆုံးမှုဟာ တစ်ရက်တာအတွင်း (၄၂၇)ယောက်ရှိခဲ့ပြီး၊ စုစုပေါင်း သေဆုံးသူ(၃၄၀၀)ကျော်ရှိသွားပါပြီ။ တရုတ်နိုင်ငံမှာ လူသေ ဆုံးမှု စုစုပေါင်း(၃၂၄၈)ယောက်ရှိခဲ့တာပါ။ အခုလို သေဆုံးနေမှုအပေါ် ကျန်းမာရေးဝန်ထမ်းတွေက စိတ်မ ချမ်းမသာဖြစ်နေကြပြီး၊ အရေးပေါ်အခြေအနေနဲ့နိုင်ငံကိုပိတ်ထားတဲ့ အတိုင်းအတာကို ဆက်တိုးမြင့်ဖို့ အစိုးရက ပြင်ဆင်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိ သမ္မတ Vladimir Putin အနေနဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်မံ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုနိုင်တဲ့ ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အပါအ၀င် အခြား ပြင်ဆင်မယ့် အချက်တွေကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ချက်တွေကို လာမယ့် ဧပြီလမှာ တနိုင်ငံလုံး ဆန္ဒမဲပေးရမှာဖြစ်ပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒူးရဲ့ ဇနီးမှာ ကိုဗစ်၁၉ ရောဂါကူးစက်ခံနေရကြောင်း အတည်ပြုပြီး အခုအခါ သူတို့နှစ်ဦးလုံး သီးသန့်ခွဲခြားနေထိုင်နေပါတယ်။ ဇနီးဖြစ်သူမှာ နေမကောင်းဖြစ်နေတဲ့လက္ခဏာတွေ စတွေ့ရတဲ့ မတ်လ ၁၁ ရက်ကစပြီး ဝန်ကြီးချုပ်ဟာ သူကိုယ်တိုင်လည်း ရုံးမတက်တော့ဘဲ သီးခြားခွဲပြီး နေထိုင်ခဲ့ပါတယ်။
ဘယ်ကနေ ကူးစက်တယ်ဆိုတာတော့ မသိရသေးပေမယ့် ဝန်ကြီးချုပ်ဇနီးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဗြိတိန်မှာ ကျင်းပတဲ့အခမ်းအနားတစ်ခုကို တက်ရောက်စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၁၃ ရက်မနက်ပိုင်းထိ ဝန်ကြီးချုပ်မှာရောဂါလက္ခဏာတွေမတွေ့ရသေးဘဲ နေအိမ်ကနေပဲ ရုံးအလုပ်တွေပုံမှန်လုပ်နေပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ပျံ့ပွားမှု့ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယနေ့ညပိုင်းတွင် သတ်မှတ်လိုက်ကြောင်း CNN သတင်းက ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချူပ် Tedros Adhanom Ghebreyesus က “အခုဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်ရဲ့ခြိမ်းခြောက်မှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ ကပ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လက်ရှိဆောင်ရွက်နေတဲ့ ရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေမှုများအပေါ်ပြောင်းလဲမှာ မဟုတ်သလို နိုင်ငံအလိုက်ရောဂါပျံ့နှံ့မှုကို ထိန်းချူပ်ဖို့ဆောင်ရွက်ရမယ့် ကိစ္စများကလည်း အပြောင်းအလဲရှိမှာမဟုတ်ပါဘူး” ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ်လ ၄ ရက်က ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) လူနာ စုစုပေါင်း ၂,၁၈၉ ဦးရှိကြောင်း အမျိုးသားကျန်းမာကော်မရှင်က ယနေ့ မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။