
ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ပြုစုစောင့်ရှောက်မယ့် ဝန်ထမ်းအဖြစ် သွားရောက်လုပ်ကိုင်လိုတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ နီပေါနဲ့ မွန်ဂိုလီယားနိုင်ငံသားတွေကို လာမယ့် အောက်တိုဘာနဲ့ နိုဝင်္ဘာလအတွင်း စာမေးပွဲစစ်မယ်လို့ ဂျပန် အလုပ်သမားဝန်ကြီးဌာနက ကြေညာတဲ့သတင်းကို ကျိုဒိုသတင်းဌာနက ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။ အဲဒီ နိုင်ငံခြားသားတွေကို ဂျပန်စာပေနဲ့ ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲအပြင် သူနာပြုအရည်အချင်းနဲ့ လုပ်ငန်းဆိုင်ရာ ဂျပန်ဘာသာ ဝေါဟာရအသုံးအနှုန်း နားလည်ကျွမ်းကျင်မှု စာမေးပွဲတွေလည်း စစ်ဆေးမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် စာမေးပွဲကို လာမယ့် နိုဝင်ဘာလ ၄ ရက်ကနေ ၇ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။









