
သင်္ဘောနဲ့ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပေမယ့် ပေးပို့မှုတွေ ရက်အကန့်အသတ်မရှိ နောက်ကျသွားခဲ့လို့ သီရိလင်္ကာနိုင်ငံမှာ ဓာတ်ဆီနဲ့ဒီဇယ်တွေ ပြတ်လပ်သွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီး က ပြောကြားပြီး လောင်စာဆီ ပြတ်လပ်မှု ဆိုးရွားလာတာကိုလည်း သူက တောင်းပန်ခဲ့ပါတယ်။









