
တချိန်က ဆိုဗီယက် ယူနီယံခေါင်းဆောင် Mikhail Gorbachev ကွယ်လွန်ကြောင်း ရုရှားသတင်းမီဒီယာတွေက ဖော်ပြလိုက်ကြပါတယ်။အသက် ၉၁ နှစ်အရွယ် ရုရှားခေါင်းဆောင်ဟောင်းဟာ နာတာရှည် ရောဂါဝေဒနာ ခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားကြောင်း ဆေးရုံတာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြတာပါ။ Gorbachev ရဲ့ ရုံးကတော့ Central Clinical Hospital မှာ ဆေးကုသမှု ခံယူနေကြောင်း အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။









