
ဘင်္ဂလားဒေ့ရှ်တွင် စက်သုံးဆီဈေးအဆမတန်မြင့်တက်လာပြီး မူလဈေး၏ ၅၂ ရာခိုင်နှုန်းအထိခုန်တက်သွားခဲ့ကာ ဝယ်သူများအနေဖြင့် ညအချိန်ထိ စောင့်ဆိုင်းဆီဖြည့်နေရကြောင်း သိရှိရသည်။
ယခုဖြစ်ပေါ်နေသော အခြေအနေများကိုအမြန်ဆုံးထိန်းချုပ်ပေးရန် တောင်းဆိုလျက် ဆန္ဒပြသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့အပြားရှိ ဆီဆိုင်များကို တောင်းဆိုလျက်ရှိကြသည်။ လွတ်လပ်ရေးရပြီးကတည်းက အမြင့်ဆုံးအနေအထားသို့ရောက်ရှိနေသော ဆီဈေးနှုန်းဖြစ်ကာ ဒီဇယ်တစ်လီတာလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၃၄ တာကာ အထိဖြစ်လာခဲ့သည်။








