
ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်ကျော်ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းတပ် မြေပြင်ကမြေပြင် တာလတ်ပစ် မစ်ဇိုင်းဒုံး အပါအဝင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးတွေ အဆက်မပြတ် စမ်းသပ်ပစ်ခတ်ခဲ့တာဟာ တောင်ကိုရီးယားရဲ့ မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေကိုတိုက်ခိုက်တဲ့ သရုပ်ဖေါ်စစ်ရေးလေ့ကျင့်မှုရဲ့ တစိပ်တပိုင်း ဖြစ်တယ်လို့ တနင်္လာနေ့မှာ မြောက်ကိုရီးယား အစိုးရသတင်းဌာနကပြောဆိုလိုက်ပါတယ်။








