အခွန်လျှော့
ချမယ့်အစီအစဉ်ကို စွန့်လွှတ်ပြီး ဗြိတိန်အစိုးရက မူဝါဒ ပြင်ဆင်ပြောင်းလဲတာတွေ အများအပြား လုပ်ခဲ့ပြီးနောက်မှာ အာရှ ဈေးကွက်ဖွင့်ချိန်မှာ ဗြိတိန်သုံးငွေ စတာလင်ပေါင်ငွေတန်ဖိုး အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။
ဒီနေ့ အာရှ ဈေးကွက်ဖွင့်ချိန်မှာ စတာလင်ပေါင် က ၀ ဒသမ ၅ ရာခိုင်နှုန်း တန်ဖိုး တက်လာကာ တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂ နဲ့ ရောင်းဝယ်နေကြပါတယ်။









