
ရုရှ၏ ကျူးကျော်စစ် စတင်ချိန်မှစပြီး ဗြိတိန်နိုင်ငံသည် ယူကရိန်းထံသို့ ပထမဆုံးအဖြစ် ရဟတ်ယာဉ်များ ပေးပို့မည်ဖြစ်ကြောင်း လန်ဒန်ရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ “ဗြိတိန်မှ ယူကရိန်းထံ လှူဒါန်းသော ပထမဆုံး ရဟတ်ယာဉ်များ” အတွက် ယူကရိန်းစစ်မှုထမ်းနှင့် အင်ဂျင်နီယာ ဆယ်ဦးအဖွဲ့က ဗြိတိန်တွင် သီတင်းခြောက်ပတ်ကြာ လေ့ကျင့်သင်တန်းဆင်းနေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက ဆိုသည်။









