
ဒိန်းမတ်နိုင်ငံတစ်ဝန်းက မဲရုံတွေကို နိုဝင်ဘာ ၁ ရက်မှာ ဖွင့်လှစ်ပေးခဲ့ပြီးနောက် မဲပေးမှုတွေ စတင်ခဲ့ပါတယ်။ အခုကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ ဒိန်းမတ်နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲစေလိမ့်မယ်လို့ လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။ ပါတီသစ်တွေ ပါလီမန်ထဲကို ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး ပါတီဟောင်း အမတ်တွေကတော့ ထောက်ခံမှုကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။









