
အစိုးရ အသုံးစရိတ် ဥပဒေများကို ချိုးဖောက်မှုနှင့် ပတ်သက်၍ ရာထူးမှ ဆိုင်းငံ့ခံထားရသည့် သမ္မတ ဒယ်လ်မာရူး ဆက်ဖ်ကို တရားစွဲရေးအတွက် ဘရာဇီး ဥပဒေပြု လွှတ်တော်တွင် အခြေအတင် ဆွေးနွေးနေကြောင်း သိရသည်။

အစိုးရ အသုံးစရိတ် ဥပဒေများကို ချိုးဖောက်မှုနှင့် ပတ်သက်၍ ရာထူးမှ ဆိုင်းငံ့ခံထားရသည့် သမ္မတ ဒယ်လ်မာရူး ဆက်ဖ်ကို တရားစွဲရေးအတွက် ဘရာဇီး ဥပဒေပြု လွှတ်တော်တွင် အခြေအတင် ဆွေးနွေးနေကြောင်း သိရသည်။

စစ်တပ်ထောက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုင်းနိုင်ငံသားများ လက်ခံအတည်ပြုပြီးနောက် ရက်ပိုင်း အကြာတွင် ဒီမိုကရေစီစနစ်သို့ ပြန်သွားရေး အစီအစဉ်များကို ၀န်ကြီးချုပ် ပရာယွတ်၏ စစ်ဘက်ဆိုင်ရာအစိုးရက ကြန့်ကြာအောင်လုပ်နိုင်သည်ဆိုသော စိုးရိမ်မှုများ ပြေလျော့စေရေး ၂၀၁၇ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ သွားမည်ဟု ၎င်းက ပြောကြားလိုက်သည်။

အိုရိုမီးယား၊ သြဂုတ် ၉
အီသီယိုပီးယားနိုင်ငံအတွင်း ယခုစနေ၊ တနင်္ဂနွေက ဖြစ်ပွားသော ဆန္ဒပြပွဲများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကြား ထိပ်တိုက်ပဋိပက္ခများဖြစ်၍ လူပေါင်း ၁၀၀ နီးပါးသေဆုံးကြောင်း နိုင်ငံတကာလွတ်ငြိမ်းရေးအဖွဲ့က ပြောသည်။
သြဂုတ် ၇ ရက်က ဘာဟာဒါမြို့တွင် အပြင်းထန်ဆုံးဖြစ်ကာ သေဆုံးသူ အနည်းဆုံး ၃၀ ရှိကြောင်း ယင်းအဖွဲ့က ပြောသည်။

ပါကစ္စတန် နိုင်ငံတွင်း လုံခြုံရေး အခြေအနေကို ပြန်လည် သုံးသပ်ချိန် တန်ပြီ။
ပါကစ္စတန် နိုင်ငံ ကွက်တာ မြို့မှာ အနည်းဆုံး လူ ၆၉ ယောက် သေဆုံး ခဲ့ရတဲ့ အထိ အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့မှု ရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ် ဆိုပြီး၊ ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲ တစ်ခု ဖြစ်တဲ့ ဂျမာ့အာ့တွလ် အာဟ်ရာ က ပြောပါတယ်။

ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump က သူ့ရဲ့ စီးပွားရေးပေါ်လစီတွေကို တနင်္လာနေ့က ချပြလိုက်တာမှာ သူ့အနေနဲ့ အမေရိကန် စီးပွားရေး ဦးမော့လာအောင် လုပ်ဆောင်တဲ့အနေနဲ့ အခွန်လျော့ ကောက်တာ၊ အစိုးရရဲ့ စည်းမျဉ်း ကန့်သတ်ချက်တွေကို လျော့ချတာနဲ့ အလယ်အလတ် ၀င်ငွေရှိတဲ့ အလုပ်သမားတွေ စီးပွားချမ်းသာစေရေးအတွက် လုပ်ဆောင်ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

တီဟီရန် သြဂုတ် ၈
လျှို့ဝှက်သတင်းအချက်အလက်များ အမေရိကန်နိုင်ငံသို့ ပေးပို့ မှုဖြင့် နျူကလီးယားသိပ္ပံပညာရှင် တစ်ဦးကို ကွပ်မျက်လိုက်ကြောင်း အီရန်နိုင်ငံက ပြောကြားသည်။ ၎င်းသည် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်တွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်မည်ဟု ယူဆရသည်။

တရားမ၀င် မှောင်ခိုကုန်ကူးမှုဖြင့် မြောက်ကိုရီးယား သံတမန်တစ်ဦးအား ဘင်္ဂလားဒေ့ရှ် အစိုးရက နှင်ထုတ် လိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်း၏ အမည်ဖြင့် တင်သွင်းလာသော ကွန်တိန်နာ တစ်ခုတွင် တရားမ၀င် စီးကရက် ၁ သန်း နှင့်အတူ အီလက်ထရောနစ်ပစ္စည်းများ ပါရှိလာခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဒါကာ အစိုးရက သြဂုတ်လ ၈ ရက်တွင် ပြောသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရထောက်ခံမှု လူထုစုံးရုံးချီတက်ပွဲ အခမ်းအနားကို တနင်္ဂနွေနေ့ (သြဂုတ် ၇ ရက်) က ပြုလုပ်ခဲ့ရာ သမ္မတအာဒိုဂန် တက်ရောက်ခဲ့ပါတယ်။ အဆိုပါ လူထုအခမ်းအနားမှာ တူရကီ သမ္မတက လွှတ်တော်နဲ့ပြည်သူက ထောက်ခံပါက သေဒဏ် ပြန်လည်ကျင့်သုံးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

မက္ကစီကိုနိုင်ငံကို အပူပိုင်းမုန်တိုင်း Earl ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီမှုနဲ့ ရွှံ့နွံများ ပြိုကျမှုတို့ကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၈ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။ ရေကြီးမှုနဲ့ ရွှံ့နွံပြိုကျမှုတွေ အဆိုးဆုံးဖြစ်ခဲ့တဲ့ ပူးဘလာပြည်နယ်မှာ လူ ၂၈ ဦး သေဆုံးခဲ့ပြီး ဗာရာခရုဇ်ပြည်နယ်မှာ လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

ထိုင်း နိုင်ငံရေး မှာ စစ်တပ်ရဲ့ ဩဇာ လွှမ်းမိုးမှု ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ်
ထိုင်းနိုင်ငံ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖို့ လူထုဆန္ဒ ခံယူပွဲ ကို ဇူလိုင်လ ၇ ရက်နေ့က ကျင်းပခဲ့ရာမှာ နောက်ဆုံး မဲရလဒ်တွေအရ အခြေခံ ဥပဒေ မူကြမ်း ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။