အကြီးဆုံး နျူကလီးယား စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားကို ကုလက ဆန်ရှင်သစ်များ ချမှတ်

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၁၂

 မြောက်ကိုရီးယားနိုင်ငံ၏ စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သော ခြောက်ကြိမ်မြောက်နှင့် အကြီးဆုံး နျူကလီးယားစမ်းသပ်မှုကို အပြစ်ပေးသည့်အနေဖြင့် ၄င်းနိုင်ငံ၏ အထည်အလိပ် တင်ပို့မှုကို တားမြစ်ကာ ရေနံထုတ်ကုန် တင်သွင်းမှုအားလည်း တင်းကြပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်သစ်အား ကုလသမဂ္ဂက စက်တင်ဘာ ၁၂ ရက်တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြု ပြဌာန်းသည်။

မြောက်ကိုရီးယားဝါဒဖြန့်ချီရေးလိုင်းကို Youtube စာမျက်နှာမှ ဖယ်ရှား

မြောက်ကိုရီးယားအစိုးရပိုင် ၀ါဒဖြန့်ချီရေးတွေကို ထုတ်လွှင့်နေတဲ့ Uriminzokkiri ရုပ်သံလိုင်းကို လူမှုအဖွဲ့အစည်းတွေ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး Youtube အင်တာနက် စာမျက်နှာကနေ ဖယ်ရှားလိုက်ပါတယ်။

Uriminzokkiri ရုပ်သံလိုင်းမှ အစီအစဉ်တခု ထုတ်လွှင့်နေစဉ်

Youtube ကနေချမှတ်ထားတဲ့ လူမှုအဖွဲ့အစည်းတွေလိုက်နာရမယ့် လမ်းညွှန်ချက်ကို ချိုးဖောက်လို့ မြောက်ကိုရီးယားအစိုးရရဲ့ အဲဒီရုပ်သံလိုင်းကို ဖျက်သိမ်းလိုက်တယ်လို့ Youtube က ပြောပါတယ်။

နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်မည် မဟုတ်ဟု ဟီလာရီကလင်တန် အတည်ပြု

အမေရိကန် သမ္မတလောင်းအဖြစ် နောက်တစ်ကြိမ် ပါဝင် ယှဉ်ပြိုင်တော့မည် မဟုတ်ဟုဟီလာရီ ကလင်တန် က အတည်ပြု ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အတိုက်အခံ ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ် ယှဉ်ပြိုင်ရန် အစီအစဉ် လုံးဝမရှိဟု ကလင်တန်က ငြင်းဆိုခဲ့သည်။ “သမ္မတလောင်း နေရာအတွက် ပြိုင်ဆိုင်ရတာ ကျွန်မအတွက်တော့ ပြီးသွားပါပြီ”ဟု CBSနှင့် အင်တာဗျူးတွင် သူမက ပြောဆိုသွားသည်။

မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေ ၉၀ ကျော်ထိ မြင့်တက်လာ

မက္ကဆီကိုတွင် လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၈.၁ အဆင့်ရှိ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်မှာ ၉၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က မက္ကဆီကိုတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြု လှုပ်ခတ်သွားသည့် ငလျင်ကြီး၏ ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည့် ဒေသတစ်ခုမှာ ဂျူချီတန်မြို့ ဖြစ်သည်။ မြို့၏ သုံးပုံတစ်ပုံမျှ နေအိမ် အဆောက်အအုံများမှာ မြေပေါ် ပြားပြားဝပ် ပြိုလဲသွားပြီး အခြား ထိခိုက်ပျက်စီးမှုများလည်း အများအပြား ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်အမဲသားများကို တရုတ်နိုင်ငံက ပြန်လည်တင်သွင်းခွင့်ပြု

၂၀၀၃ ခုနှစ်က စတင်ပြီး နွားရူးရောဂါကူးစက်မှု ကာကွယ်ရေး အကြောင်းပြချက်နဲ့ ၁၄ နှစ်ကြာ တင်သွင်းခွင့် ပိတ်ထားတဲ့ အမေရိကန် အမဲသားတွေကို ဇွန်လကနေစတင်ပြီး တရုတ်နိုင်ငံကို ပြန်လည်တင်သွင်းခွင့် ပေးခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ရက် ၁၀၀ စီမံကိန်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အမေရိကန်အမဲသားတွေကို အခုလို ပြန်လည်တင်သွင်းခွင့် ပြုခဲ့တာပါ။

ဂျပန်နပန်းသမားဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ကန်ဂျီအီနိုကီ မြောက်ကိုရီးယား သွားရောက်

ဂျပန်နပန်းသမားဘဝကနေ ထင်ပေါ်တဲ့ နိုင်ငံရေးသမားဖြစ်လာတဲ့ ကန်ဂျီအီနိုကီဟာ မြောက်ကိုရီးယားနိုင်ငံကို စက်တင်ဘာ ၇ ရက်မှာ အလည်အပတ် ရောက်ရှိသွားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရ သတင်းမီဒီယာ ကေစီအန်အေကနေ ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ဗွီဒီယိုဖိုင်မှာ ကန်ဂျီအီနိုကီနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြုံယမ်း နိုင်ငံတကာလေဆိပ်ကို ရောက်ရှိသွားတာ တွေ့ရပါတယ်။

မြောက်ကိုရီးယားကို စစ်ရေးတုံ့ပြန်ရန်မှာ ဦးစားပေးရွေးချယ်မှု မဟုတ်သော်လည်း စဉ်းစားသည့်အထဲ ပါဟု ထရမ့်ပြော

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၈

မြောက်ကိုရီးယားနိုင်ငံက အတည်ပြုပြောဆိုထားသည့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုအား အမေရိကန်က တုံ့ပြန်ရာတွင် စစ်ရေးအရတုံ့ပြန်မှုကလည်း ဖြစ်နိုင်ခြေ ရှိနေကြောင်း သမ္မတ ထရမ့်က ပြောလိုက်သော်လည်း စစ်ရေးဖြင့် အရေးယူခြင်းသည် ၄င်း၏ ပထမဦးစားပေး ရွေးချယ်မှုတော့ မဟုတ်ကြောင်း ဆိုသည်။

ဩစတြေးလျတွင် လိုင်စင်မဲ့ သေနတ်များ အပ်နှံမှု အလက်ပေါင်း ၂၆၀၀၀ မျှရှိ

ဩစတြေးလျတွင် လိုင်စင်မဲ့ သေနတ်များ အပ်နှံခွင့် ပေးခဲ့သည့် ကာလအတွင်း လာရောက် အပ်နှံသည့် သေနတ် အလက်ပေါင်း ၂၆၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း သိရသည်။

မက္ကဆီကို မြောက်ကိုရီးယားသံကို နှင်ထုတ်

 

မက္ကဆီကိုက မြောက်ကိုရီးယား သံအမတ်ကို ၃ ရက်အတွင်း နိုင်ငံက ထွက်သွားဖို့ ပြောကြား လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ မကြာခင်က အဏုမြူ စမ်းသပ်မှုကို လုံးဝ ရှုတ်ချလိုက်ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရုံသာမက မက္ကဆီကိုရဲ့ မဟာမိတ် ဂျပန်နဲ့ တောင်ကိုရီးယား ကိုပါ ခြိမ်းခြောက် နေတယ်လို့ မက္ကဆီကို နိုင်ငံခြားရေး ရုံးက ထုတ်ပြန် လိုက်ပါတယ်။

တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက် တပ်ဆင်မှု အပြီးသတ်

တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းဒုံး စနစ်ကို အပြည့်အဝ တပ်ဆင် ဖြန့်ကျက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ကောင်းကင်အမြင့်တွင် ပျံသန်းလာသည့် တိုက်ချင်းပစ် ဒုံးကျည်များနှင့် လေယာဉ်များကို ခြေရာခံ ထောက်လှမ်း ပစ်ချနိုင်သည့် အဆိုပါ အမေရိကန် လက်နက်စနစ်ကို ငါးလကြာ နှောင့်နှေးမှုများအပြီးတွင် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။