လှုံ့ဆော် ရန်စလာသည်ဟု ယူဆပါက အမေရိကန် ထောက်ပံ့ပေးနေသည့် ဆီးရီးယား သူပုန်တပ်များကိုပါ တိုက်ခိုက်မည်ဟု ရုရှားက သတိပေး ပြောကြားလိုက်သည်။
ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှားက သမ္မတ ဘာရှာ အယ်လ်အာဆတ်ဘက်မှ ရပ်တည်ပြီး အမေရိကန်ကမူ အစိုးရကို ဖြုတ်ချရန် ကြိုးစားနေသည့် သူပုန်အင်အားစုများကို ထောက်ပံ့ ကူညီလျက် ရှိသည်။ ထိုအင်အားစု နှစ်ခုစလုံးသည် အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်သည့် အခါတွင်မူ မူအားဖြင့် အချင်းချင်း ရန်မပြုကြချေ။