ဆီးရီးယားသမ္မတ အာဆတ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ကြမည်

ဇွန် ၎

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်တို့ တွေ့ဆုံဖို့ ရှိကြောင်း ပြုံယမ်း နိုင်ငံပိုင်မီဒီယာ KCNA က ဇွန်လ ၃ ရက်မှာ ထုတ်ပြန်သွားပါတယ်။

ခေါင်းဆောင် ကင်မ်နဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယားဆီ လာရောက်ဖို့ စီစဉ်နေပြီဖြစ်တယ်ဆိုပြီး ဆီးရီးယားသမ္မတ ဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယား စစ်ခေါင်းဆောင် သုံးယောက် ဖယ်ရှားခံရဆို

မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ပတ်ယုံဆစ်

မြောက်ကိုရီးယားက ထိပ်တန်း စစ်ခေါင်းဆောင် သုံးယောက် ဖယ်ရှားခံရတယ် ဆိုတဲ့ သတင်းထွက်လာပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ထိပ်သီးဆွေးနွေးပွဲ မလုပ်ခင် ရက်ပိုင်းအတွင်း ဖယ်ခံရတာ ဖြစ်ပါတယ်။

အခွန်ဥပဒေကြမ်း ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုချက်များကို ဂျော်ဒန်ဝန်ကြီးချုပ်ပယ်ချ

ငါးနှစ်တာအတွင်း အကြီးမားဆုံး ဆန္ဒပြမှုများဖြစ်ပေါ်စေသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထောက်ခံသော အခွန်ဥပဒေပြုပြင်ပြောင်းလဲမှု ရုပ်သိမ်းရန် ဂျော်ဒန်ဝန်ကြီးချုပ် ဟာနီမာလ်ကီက ငြင်းဆိုခဲ့ပြီး ယင်းဥပဒေကံကြမ္မာကို ဆုံးဖြတ်ရေးသည် ပါလီမန်၏ ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

အခွန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ထောင်နှင့်ချီသော ဆန္ဒပြသူများသည် တတိယမြောက် ညအဖြစ် ဇွန်လ ၂ ရက်က အစိုးရ ဝန်ကြီးအဖွဲ့ရုံးအနီးတွင် ဆန္ဒပြခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ခဲ့ကာ ဟာနီမာလ်ကီကို ရာထူးမှ ထုတ်ပယ်ပေးရန် ဘုရင်အဗ္ဗဒူလာထံ တောင်းဆိုခဲ့သည်။

ဒူတာတေးက ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူအား ”ငရဲကိုသွား”ဟု ပြောခဲ့

မနီလာ ဇွန် ၃

ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းတရားသူကြီးကို သတိပေးခြိမ်းခြောက် ခဲ့သည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးကို ဝေဖန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတက ကုလသမဂ္ဂလူ့အခွင့် အရေးကျွမ်းကျင်သူတစ်ဦးအား ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည်ဆိုကာ ”ငရဲကိုသွား”ဟု ပြောခဲ့သည်။

ယင်လတ် ဗြိတိန် မှာ ဆယ်နှစ် ဗီဇာ ရ

အကျင့်ပျက် ချစားမှု နဲ့ ထိုင်းမှာ ထောင်ဒဏ် ငါးနှစ် ချမှတ် ခံထားရ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ထရာ ဟာ ဗြိတိန် နိုင်ငံမှာ ဆယ်နှစ်သက်တမ်း ရှိတဲ့ ဗီဇာ နဲ့ နေထိုင် ခွင့် ရရှိ ခဲ့တယ်လို ဘီဘီစီ ထိုင်း ဘာသာ ဌာန က စုံစမ်း သိရှိခဲ့ရပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောအရိုးစုအား ချီကာဂိုတွင် ပြသမည်

ချီကာဂို၊ ဇွန် ၁

တူးဖော်တွေ့ရှိသမျှတွင် အကြီးဆုံးဖြစ်သော ဒိုင်နိုဆောအရိုးစုအား ချီကာဂိုရှိ Field Museum ပြတိုက်တွင် ပြန်လည်ဆက်စပ်တည်ဆောက်ကာ ဇွန် ၁၅ ရက်မှစပြီး ဖွင့်လှစ်ပြသမည်ဖြစ်သည်။

မက္ကစီကို၌ အပူလှိုင်းဖြတ်၍ နိုင်ငံတော်အရေးပေါ်ကြေညာချက်ထုတ်ပြန်

မက္ကစီကိုစီးတီ၊ ဇွန် ၁

မက္ကစီကိုနိုင်ငံရှိ နေရာအနှံ့အပြား၌ အပူလှိုင်းဖြတ်လျက်ရှိပြီး အပူချိန် ၅၀ံ စင်တီဂရိတ်အထိသို့ ရောက်ရှိခဲ့ သောကြောင့် အာဏာပိုင်များအနေဖြင့် နိုင်ငံတော်အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ရကြောင်း မက္ကစီကို အမျိုးသားမိုးလေ၀သဌာနက (SMN) က ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ မြောက်ကိုရီးယားခေါင်းဆောင်ထံ သွားရောက်တွေ့ဆုံ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့် ပြုံယမ်းမြို့တွင် တွေ့ဆုံနေစဉ် (Valery SHARIFULIN / TASS / POOL / AFP)

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့သည် မေ လ ၃၁ ရက် ပြုံယမ်းခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားသတင်းဌာနများ က သံတမန်သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြသည်။

ထရမ့်နဲ့ ကင်ဂျုံးအန် ဇွန် ၁၂ တွေ့ဖို့ အိမ်ဖြူတော် မျှော်လင့်

မြောက်ကိုရီးယား ထိပ်တန်းသံအဖွဲ့နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမည်

ဓာတ်ပုံ – AFP/File/Mandel NGAN,Patrick Semansky

သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကင်ဂျုံးအန်တို့ တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲကို မူလစီစဉ်ခဲ့တဲ့အတိုင်း လာမယ့် ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူမှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ ညနေမှာ ထုတ်ပြန်ပြောကြားပါတယ်။

လစာတိုးမြှင့်ရေးအတွက် အိန္ဒိယနိုင်ငံတစ်ဝန်း ဘဏ်ဝန်ထမ်း တစ်သန်းကျော် ဆန္ဒပြ

နယူးဒေလီ၊ မေ ၃၁

လာမည့် ငါးနှစ်တာကာလအတွက် ကမ်းလှမ်းထားသည့် လစာနှုန်းထက် ပိုတိုးပေးရန် အိန္ဒိယနိုင်ငံက ဘဏ်ဝန်ထမ်း တစ်သန်းကျော်သည် နိုင်ငံအနှံ့ နှစ်ရက်တာ ဆန္ဒပြမှုကို မေ ၃၀ ရက်က စတင်ကြသည်။

ဘဏ်လုပ်သားဝန်ထမ်းများ၏ ၈၅ ရာခိုင်နှုန်းနီးပါး အဆိုပါ ဆန္ဒပြမှုအတွင်း ပါဝင်ကြကြောင်း All India Bank Employees Association မှ ညွှန်ကြားရေးမှူးချုပ် ဗန်တာတာချာလမ်က အီးပီအေသတင်းသို့ ပြောသည်။