
တောင်ကိုရီးယား နိုင်ငံ တွင် ဇူလိုင်လ ၁၇ ရက် တွင် ရဟတ်ယာဉ် ပျက်ကျခဲ့သည့် နေရာ အား မြင်တွေ့ရစဉ်
ဆိုးလ် ၊ ဇူလိုင် ၁၈ ရက်

တောင်ကိုရီးယား နိုင်ငံ တွင် ဇူလိုင်လ ၁၇ ရက် တွင် ရဟတ်ယာဉ် ပျက်ကျခဲ့သည့် နေရာ အား မြင်တွေ့ရစဉ်
ဆိုးလ် ၊ ဇူလိုင် ၁၈ ရက်

အမေရိကန်နိုင်ငံ တရားရုံးချုပ်အားတွေ့ ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတရားဌာန(DOJ) က အမေရိကန်နိုင်ငံ၏ နိုင်ငံရေး၌ ဝင်ရောက်ခြေရှုပ်ရန် ကြိုးပမ်းနေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ရုရှားလူမျိုး အမျိုးသမီးတစ်ဦးကို ဇူလိုင် ၁၆ ရက်တွင် ဖမ်းဆီးတရားစွဲဆိုလိုက်ကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် Maria Butina ဆိုသူ အမျိုးသမီးအား ၄င်းနေထိုင်ရာ ဝါရှင်တန်ဒီစီမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း DOJ ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

ထရမ့်နဲ့ ပူတင်တို့ရဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေး စတင်
ဟယ်ဆင်ကီ၊ ဇူလိုင် ၁၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးတွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ရုရှသမ္မတ ဗလာဒီမာပူတင်က မော်စကိုအနေနဲ့ အမေရိကန် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ဘယ်တုန်းကမှ အနှောင့်အယှက်ပေး စွက်ဖက်ခဲ့ခြင်း မရှိကြောင်း ဇူလိုင် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှား Papua ပြည်နယ်မှာ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံးသွားခဲ့တဲ့နောက် ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက မိကျောင်း ကောင်ရေ ၃၀၀ နီးပါးလောက်ကို လက်စားချေ သတ်ဖြတ် ပစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဆိုပါ လက်စားချေ သတ်ဖြတ်မှု ဖြစ်စဉ်ဟာ ဇူလိုင် ၁၄ ရက် အဆိုပါ ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တရုတ်ရေတပ်သည် ကမ္ဘာပေါ်ရှိ မည်သည့် ရေတပ်မျှ လိုက်မမီနိုင်သော မြန်နှုန်းမျိုးဖြင့် အင်အား တိုးပွားလာနေကြောင်း သိရသည်။
အဓိက ပြိုင်ဘက် အမေရိကန်ကို မယှဉ်နိုင်သေးသည့်တိုင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့၏ ရေတပ်သည် အင်အား တိုးချဲ့ တည်ဆောက်မှုတွင် အမြန်ဆုံး ရေတပ်ဖွဲ့အဖြစ် ရပ်တည်နေကြောင်း Rand Corp၏ အကြီးတန်း သုတေသီ တင်မိုသီ ဟိသ်က မှတ်ချက်ပြုခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ထပ်မံဝင် ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း အင်တာဗျူးတစ်ခု၌ ပြောသည်ဟု Mail သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။

ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အမေရိကန် စစ်သည်များ၏ ရုပ်အလောင်းများကို လာမည့် သီတင်းပတ်အတွင်း မြောက်ကိုရီးယားက ပြန်လည် လွှဲအပ်ပေးမည်ဟု သိရသည်။

ပါကစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရွေးကောက်ပွဲ စည်းရုံးရေး နေရာတစ်ခု၌ ဖြစ်ပွားသော အသေခံဗုံးခွဲ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၂၈ ဦးအထိရှိပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဒေသခံများက ဇူလိုင် ၁၄ ရက်တွင် မြေမြှုပ်သင်္ဂြိုဟ်မှု ပြုလုပ်သည်။ ယင်းတိုက်ခိုက်မှုသည် ကတ်တာပြည်နယ် ဘာလိုချီစတန်မြို့တော် အနီးရှိ မက်စတန့်မြို့၌ ဇူလိုင် ၁၃ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ကာ ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရွေးကောက်ပွဲ စည်းရုံးရေး နေရာများကို ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုများ အနက် နောက်ဆုံးတိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း လူ ၁၅၀ ခန့် ဒဏ်ရာရပြီး ၎င်းတို့အနက်အများစုမှာ ဦးခေါင်းတွင်ရရှိသည့် ဒဏ်ရာများကြောင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့က မွန်ဂိုလီးယား ရိုးရာ Naadam ကလေး မြင်းစီးပြိုင်ပွဲ ကျင်းပခဲ့ပြီး အသက် ငါး နှစ်မှ ၁၁ နှစ် အကြား ကလေးငယ် ၃၃၈ ဦးတို့သည် အရောင်တောက်တောက်ဝတ်စုံ နှင့် helmet များဝတ်ဆင်ကာ မြင်းများကို ကြာပွတ်နှင့် ဝေ့ယမ်းရိုက်နှက်ရင်း ပြိုင်ပွဲဝင်ခဲ့ကြသည်။

လန်ဒန်၊ ဇူလိုင် ၁၃
လန်ဒန်သို့ ရောက်ရှိသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက အီးယူမှ နိုင်ငံခွဲထွက်ခြင်းသည် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေးသစ် ဖြစ်ထွန်းစေပြီး ယင်းက ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ စေ့ဆော်ပေးမည်ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက် ညနေက ပြောလိုက်သည်။