
Photo – hurray.usa.nl
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတွေကို ပြောရဆိုရခက်တဲ့ နိုင်ငံတွေစာရင်းသွင်းလိုက်ပြီး ဗီဇာထုတ်ပေးမှုတွေ ကန့်သတ်လိုက်တယ်ဆိုပြီး အမေရိကန်စိုးရရဲ့ တရားဝင် ၀က်ဆိုက်ဒ်ကနေ တရားဝင် ကြေငြာမှု ပြုလုပ်ခဲ့ပါတယ်။

Photo – hurray.usa.nl
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတွေကို ပြောရဆိုရခက်တဲ့ နိုင်ငံတွေစာရင်းသွင်းလိုက်ပြီး ဗီဇာထုတ်ပေးမှုတွေ ကန့်သတ်လိုက်တယ်ဆိုပြီး အမေရိကန်စိုးရရဲ့ တရားဝင် ၀က်ဆိုက်ဒ်ကနေ တရားဝင် ကြေငြာမှု ပြုလုပ်ခဲ့ပါတယ်။

အီရန်နိုင်ငံက စည်ပင်သာယာဝန်ထမ်းတွေရဲ့ လာဘ်စားမှုဟာ ကပ်ရောဂါတခုလို တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတယ်လို့ တီဟီရန်မြို့တော်ကောင်စီ ဥက္ကဋ္ဌက ဇူလိုင် ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြို့တော်ကောင်စီဥက္ကဋ္ဌ မိုဆန် ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီနဲ့ အီရန်အစိုးရ သတင်းအေဂျင်စီ (ISNA) တို့ တွေ့ဆုံမေးမြန်းရာမှာ စည်ပင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဝန်ခံပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ Brussels မှာကျင်းပနေတဲ့ NATO စစ်မဟာမိတ်အစည်းအဝေးအတွင်းအမေရိကန် သမ္မတ Donald Trump ဆွေးနွေးပြောဆိုနေစဉ်
ကာကွယ်ရေးဆိုင်ရာ ဥရောပ မဟာမိတ်နိုင်ငံတွေထဲက အကြီးဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံဖြစ်တဲ့ ဂျာမနီဟာ ရုရှားရဲ့ အချုပ်အနှောင်ကို ခံနေတယ်လို့ စွပ်စွဲပြီး အမေရိကန် သမ္မတ Donald Trump က ဂျာမနီ တနိုင်ငံထဲကို ကွက်ပြီး NATO စစ်မဟာမိတ်တွေရဲ့ ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ အပစ်တင် ဝေဖန်လိုက်ပါတယ်။

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၁
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် ထိပ်သီးအစည်းအဝေးသည် နေတိုးထိပ်သီး အစည်းအဝေးထက် ပိုမိုလွယ်ကူအဆင်ပြေဖွယ် ရှိသည်ဟု ဇူလိုင် ၁၁ ရက်က ပြောလိုက်သည်။
နေတိုးထိပ်သီးအစည်းအဝေး မတိုင်မီ အီးယူမဟာမိတ်များနှင့် ထိပ်တိုက်တွေ့နေသည့် သမ္မတ ထရမ့်က ယခုတွင် ဥရောပ ခရီးစဉ် ထွက်ခွာလျက်လည်း ရှိသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် လူငယ်ဘောလုံးသမား ၁၂ဦးစလုံး နှင့် ၎င်းတို့၏ နည်းပြအား ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
အသက် ၁၁နှစ် မှ ၁၆နှစ်အရွယ်ရှိ ယောက်ျားလေး ၁၂ဦး နှင့် အသက်၂၅နှစ်အရွယ် အသင်းခေါင်းဆောင် နည်းပြဖြစ်သူတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် ရှိ Tham Luang ကျောက်ဂူအတွင်း၌ ဇွန်လ ၂၃ရက် ကတည်းက ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်ပေ၊ ဇူလိုင် ၁၁
ထိုင်ဝမ်က နေရာအပိုင်းအများစုသို့ တိုင်ဖုန်းမုန်တိုင်း မာရီယာ ၀င်ရောက်တိုက်ခတ်ရာ စာသင်ကျောင်းနှင့် ရုံးများအား ဇူလိုင် ၁၁ ရက်တွင် ပိတ်ထားရသည်။
မုန်တိုင်းကြောင့် လေပြင်းများ တိုက်ခတ်ကာ မိုးများ သည်းထန်စွာ ရွာသွန်းသည်။
ရေကြီးမှုနှင့် မြေပြိုမှုများအတွက် တာဝန်ရှိသူများက သတိပေးထားပြီး ထောင်ပေါင်းများစွာသော ပြည်သူများကို ပြောင်းရွှေ့ပေးထားသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေး ထံ တင်ပြလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းဟာ ဒူတာတေး ကို အာဏာအသစ်တွေ အပ်နှင်းလိုက်တဲ့အပြင် နောက်ထပ် ၈ နှစ်အထိ သမ္မတ အဖြစ် ဆက်ရှိနေနိုင်မှာဖြစ်တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ဘန်ကောက်၊ ဇူလိုင် ၁၀
ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်က ထွမ်လွန်လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့သော ဘောလုံးအသင်း ကလေးငယ် ၁၂ နှင့် နည်းပြဖြစ်သူတို့အား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ ကလေးငယ် ရှစ်ဦးကို ကယ်ထုတ်နိုင်ပြီဖြစ်ပြီး တတိယမြောက်နေ့အဖြစ် ကျန်နေသူများအား ကယ်ထုတ်နိုင်ရေး စတင်ပြင်ဆင်လျက်ရှိပြီ ဖြစ်သည်။

အီးယူဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ်ကနေ နုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေကြောင့် နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရာထူးကနေ မနေ့တုန်းကပဲ နုတ်ထွက် သွားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရုံးရဲ့ပြောဆိုချက်အရ သိရပါတယ်။

နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားကာ လူပေါင်းများစွာ သေဆုံး နေသည့်အတွက် ယခုရက်သတ္တပတ်နှင့်လာမည့်ရက်သတ္တပတ် အတွင်းသွားရန် စီစဉ်ထားသည့် ပြည်ပခရီး စဉ်များကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖျက်သိမ်းလိုက်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟိုက်ဆူဂါက ဇူလိုင် ၉ ရက်တွင် ပြောသည်။