
သြဂုတ် ၁၃
နေရဲ့ အင်မတန် ပူပြင်းလှတဲ့ ၀န်းကျင်နားအထိ သွားပြီး အနီးကပ် စူးစမ်းလေ့လာမယ့် အာကာသယာဉ်ကို အမေရိကန် အာကာသ သိပ္ပံ အေဂျင်စီ (NASA) က သြဂုတ် ၁၂ ရက်မှာ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။

သြဂုတ် ၁၃
နေရဲ့ အင်မတန် ပူပြင်းလှတဲ့ ၀န်းကျင်နားအထိ သွားပြီး အနီးကပ် စူးစမ်းလေ့လာမယ့် အာကာသယာဉ်ကို အမေရိကန် အာကာသ သိပ္ပံ အေဂျင်စီ (NASA) က သြဂုတ် ၁၂ ရက်မှာ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။

သြဂုတ် ၁၃
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက် အနီးဝန်းကျင်မှာ သြဂုတ် ၁၂ ရက်က အရေအတွက် အနည်းအကျဉ်းမျှ ရှိတဲ့ လူဖြူလူမျိုးကြီးဝါဒီ ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပဲ ယင်းထက် အင်အား များပြားတဲ့ တန်ပြန် ဆန္ဒပြပွဲလည်း ပေါ်ပေါက်ခဲ့လို့ ရဲတွေက ယင်း အုပ်စုနှစ်စုကို ထိပ်တိုက်မတွေ့အောင် ထိန်းချုပ်ခဲ့ရပါတယ်။

လန်ဒန်၊ သြဂုတ် ၁၃ ရက်
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ Moss Side ဧရိယာတွင် သြဂုတ် ၁၂ ရက် အစောပိုင်းက ပြုလုပ်သော လမ်းမပေါ် ကျင်းပသည့် ပါတီပွဲတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် ကလေးငယ် ၂ဦး အပါအဝင် ဒဏ်ရာရရှိသူ ၁၀ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ကျင့်သုံးနေသည့် အမေရိကန်၏ မူဝါဒအပေါ် မြောက်ကိုရီးယားက ဝေဖန် ရှုတ်ချလိုက်သည်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် အမေရိကန်နှင့် မြောက်ကိုရီးယား တို့ကြား သဘောတူညီမှု ရယူထားသော်လည်း အမေရိကန်ကသာ ခေတ်နောက်ပြန်ဆွဲသည့် ခြေလှမ်းမျိုး ဦးတည်နေလျှင် ယင်းကိစ္စမှာ တိုးတက်မှု ရှိလာမည် မဟုတ်ကြောင်း မြောက်ကိုရီးယားက သတိပေးခဲ့သည်။

ဝါရှင်တန်၊ သြဂုတ် ၁၀
အမေရိကန်စစ်တပ်ရဲ့ ခြောက်ခုမြောက် တပ်ရင်းဖြစ်လာမယ့် US Space Force ဖွဲ့စည်းရေး စီမံချက်အသေးစိတ်ကို ဒုတိယသမ္မတ မိုက်ပန့်စ်က သြဂုတ် ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အနာဂတ် စစ်မြေပြင်တစ်ရပ်အတွက် ပြင်ဆင်ထားဖို့ အချိန်ကျပြီလို့ မိုက်ပန့်စ်က ပြောဆိုလျက် ခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
မော်စကို ၊ သြဂုတ် ၁၀ ရက်

( ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် Masud Bin Momen ကို တွေ့ရစဉ် )
ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည် လက်ခံရန် မြန်မာအစိုးရအနေနဲ့ လိုအပ်သလို လုပ်ဆောင်ခြင်း မရှိတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မနေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလ ကျင်းပမယ့် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးအရေအတွက်ဟာ စံချိန်တင် မြင့်တက်လာတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
အခုနိုဝင်ဘာမှာ ပြုလုပ်မယ့် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲဟာ အမေရိကန် အောက်လွှတ်တော် အမတ်နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာတွေအတွက် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရသည် ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းတိုးတက်စေရန်အတွက် တရုတ်မှ တင်သွင်းသော အထည် အလိပ်ကုန်ပစ္စည်း ၃၂၈ မျိုးအပေါ် အခွန်နှစ်ဆကောက်ခံမည် ဖြစ်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ပြန် ထားသည်။ ၁၉၆၂ ခုနှစ် အကောက်ခွန်ဥပဒေပုဒ်မ ၁၅၉ အရ တရုတ်မှ အထည်အလိပ်သွင်းကုန် ၃၂၈ မျိုးကို လက်ရှိ ကောက်ခံနေသော အခွန် ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် အောက်လွှတ်တော်၌ သြဂုတ် ၇ ရက်တွင် ဆွေးနွေးသည်။

ရီယတ်၊ သြဂုတ် ၉
ကနေဒါနဲ့ သံတမန်တင်းမာမှုမှာ ဘယ်လို ဖျန်ဖြေမှုမျိုး မှန်သမျှကို ဆော်ဒီအာရေဗျနိုင်ငံက ပယ်ချလိုက်ပါတယ်။
ဒါအပြင်လည်း ကနေဒါကို နောက်ထပ် ပြစ်ဒဏ်ခတ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ကိုလည်း ဘုရင့်နိုင်ငံ ဆော်ဒီအာရေဗျအနေနဲ့ စဉ်းစားနေကြောင်းလည်း သြဂုတ် ၈ ရက်က နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။