
စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ကျင့်သုံးနေသည့် အမေရိကန်၏ မူဝါဒအပေါ် မြောက်ကိုရီးယားက ဝေဖန် ရှုတ်ချလိုက်သည်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် အမေရိကန်နှင့် မြောက်ကိုရီးယား တို့ကြား သဘောတူညီမှု ရယူထားသော်လည်း အမေရိကန်ကသာ ခေတ်နောက်ပြန်ဆွဲသည့် ခြေလှမ်းမျိုး ဦးတည်နေလျှင် ယင်းကိစ္စမှာ တိုးတက်မှု ရှိလာမည် မဟုတ်ကြောင်း မြောက်ကိုရီးယားက သတိပေးခဲ့သည်။









