
အစ္စတန်ဘူလ်၊ သြဂုတ် ၁၅
အမေရိကန်ရဲ့ အပြစ်ပေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုံ့ပြန်ပြီး တူရကီအနေနဲ့ iPhone တို့လို အမေရိကန်လျှပ်စစ်ပစ္စည်းတွေကို သပိတ်မှောက်သွားမယ်လို့ သမ္မတ တေယစ်အာဒိုဂန်က သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။
တင်းမာမှုတွေကြောင့် ဆိုးဆိုးဝါးဝါး ထိုးကျသွားခဲ့တဲ့ တူရကီ လီရာငွေကြေးဟာ တစ်ချို့အပိုင်းတွေမှာ အနည်းငယ် ပြန်တက်လာချိန် သမ္မတက ပြောလာတာပဲ ဖြစ်ပါတယ်။









