
ဒမတ်စကက်မြို့တော် လေဆိပ်ကို အစ္စရေးက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယား အစိုးရက စွပ်စွဲ ကြေညာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အစ္စရေးဖက်မှ ပစ်ခတ်သော ဒုံးကျည်များက ဒမတ်စကက် လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ပြီး မိမိတို့၏ လေကြောင်းကာကွယ်ရေး စနစ်များက ကြားဖြတ် ဟန့်တား ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယား စစ်ဘက်က ထုတ်ပြန်သည်။









