ပါကာရိုင်မာမြို့တွင် ဗင်နီဇွဲလားရွှေ့ပြောင်းနေထိုင်သူများကို ကန့်ကွက်ဆန္ဒပြနေသူအချို့အား သြဂုတ် ၁၈ ရက်က တွေ့ရစဉ် (GERALDO MAIA/EPA)
ဒေသခံ စားသောက်ဆိုင်ရှင်တစ်ဦး ဓားထိုး၊ ရိုက်နှက်ခံရပြီးနောက် ဒေါသထွက်နေသော ဘရာဇီးနိုင်ငံနယ်စပ်ရှိ ပါကာရိုင်မာမြို့ခံများသည် ဩဂုတ် ၁၇ ရက်က ဗင်နီဇွဲလားရွှေ့ပြောင်း ဒုက္ခသည်များကို မောင်းထုတ်ခဲ့ကြောင်း ဒေသခံများနှင့် အစိုးရတာဝန်ရှိသူများ ကပြောသည်။