ဂျပန်နိုင်ငံ၏ သက်တမ်းရှည်ဝန်ကြီးချုပ် ဖြစ်လာနိုင်သည့် ရှင်ဇိုအာဘေး

တရုတ်နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကာ သမ္မတတစ်ဦးသည် ငါးနှစ်သက်တမ်းကို နှစ်ကြိမ် ဆက်တိုက်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ ယင်းသို့ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲမှုကြောင့် ရှီကျင့်ဖျင်သည် ၎င်းဆန္ဒရှိသည့်ကာလအထိ သမ္မတတာဝန်ကို ထမ်းဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

သြစတြေးလျ အစိုးရအဖွဲ့မှ ဝန်ကြီး ၁၀ ဦး နုတ်ထွက်စာတင်

နိုင်ငံရေးအကွဲအပြဲဖြစ်နေတဲ့ သြစတြေးလျ အစိုးရအဖွဲ့မှာ လက်ရှိဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်ရဲ့ ခေါင်းဆောင်မှုကို မကျေနပ်တဲ့အတွက် စုစုပေါင်း ဝန်ကြီး ၁၀ ဦး ရာထူးကနေ နုတ်ထွက်စာ တင်လိုက်ပါတယ်။

အဲဒီ ၁၀ ဦးထဲက သူ့ရဲ့ရန်သူဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ပီတာဒပ်တန်နဲ့ တခြားတဦးရဲ့ နုတ်ထွက်စာကိုပဲ ဝန်ကြီးချုပ် တန်ဘူးလ်က လက်ခံခဲ့ပါတယ်။ ကျန် ၈ ဦးရဲ့ နုတ်ထွက်စာတွေကိုတော့ ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။

တူရကီက အမေရိကန်သံရုံးမှာ ပစ်ခတ်မှုဖြစ်

အန်ကာရာ၊ သြဂုတ် ၂၁

နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တူရကီနိုင်ငံတို့ တင်းမာမှု အရှိန်မြင့်တက်နေချိန်မှာ တူရကီမြို့တော် အန်ကာရာမှာရှိတဲ့ အမေရိကန်သံရုံးမှာ သြဂုတ် ၂၀ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပေမယ့် သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်သံရုံးမှာ သေနတ်ခြောက်ချက် ပစ်ခတ်မှု ဖြစ်ကြောင်း အန်ကာရာအုပ်ချုပ်ရေးမှူးရုံးက ပြောပြီး သုံးချက်ဟာ သံပန်းဂိတ်တံခါးနဲ့ မှန်နံရံတွေကို ထိမှန်တယ်လို့ ဖြည့်စွက်ဆိုပါတယ်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်း နှင့် ထပ်မံ တွေ့ဆုံဖွယ်ရှိကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၂၁ ရက်

အီရန်အပေါ် အမေရိကန် ပေါ်လစီအတိုင်း နိုင်ငံတကာအသိုင်းအ၀န်းကပါ ကျင့်သုံးရန် အစ္စရေးတိုက်တွန်း

ဂျေရုဆလင်၊ သြဂုတ် ၂၁

အီရန်နျူကလီးယား သဘောတူညီမှုက ရုပ်သိမ်းပြီး အီရန်အစိုးရအပေါ် ပြင်းထန်တဲ့ သံတမန်ရေးရာ ရပ်တည်ခြင်းအတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက သြဂုတ် ၂၀ ရက်က ပြောလိုက်ပါတယ်။

ဒါအပြင်လည်း အမေရိကန်ရဲ့ အီရန်အပေါ် ဆက်ဆံမှုပုံစံဟာ နိုင်ငံတကာအသိုင်းအ၀န်းအတွက် စံဥပမာတစ်ရပ်ပဲ ဖြစ်တယ်လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။

အွန်လိုင်းမှတစ်ဆင့် ဒေါ်လာ ၈၇ သန်း ခိုးယူခံရပြီးနောက် မသင်္ကာဖွယ်လူသုံးဦးကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများက အီလက်ထရွန် နစ်ငွေကြေးနှင့် အခြားဒစ်ဂျစ် တယ်ငွေကြေး ပိုင်ဆိုင်သူများကို ပစ်မှတ်ထားစဉ် အွန်လိုင်းမှတစ်ဆင့် ဟက်၍ ကန်ဒေါ်လာ ၈၇ သန်း တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများ ခိုးယူခဲ့သည်ဆိုသော မသင်္ကာဖွယ်ရာ လူသုံးဦးကို တရုတ်ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဩဂုတ် ၁၉ ရက်တွင် ဖော်ပြသည်။

ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာ ခဲ့သူတွေ ပြန်ဆုံကြမယ်

သြဂုတ် ၂၀

တောင်ကိုရီးယားနိုင်ငံသားတွေဟာ နှစ်ပေါင်း ၇၀ ကြာ အဆက်အသွယ်ပြတ်နေခဲ့တဲ့ မြောက်ကိုရီးယားက မိသားစုဝင်တွေနဲ့ ဒီကနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံနိုင်ပြီ ဖြစ်ပါတယ်။

၁၉၅၀-၁၉၅၃ အရေးတော်ပုံ ဖြစ်ပြီးနောက်ပိုင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံလို့ သီးခြားသတ်မှတ် လိုက်ရာ ဆွေမျိုးသားချင်းတွေလည်း အဆက်အသွယ်ပြတ်ခဲ့ကြရတာဖြစ်ပါတယ်။

အီရတ်နိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် အမေရိကန်က ဆက်လက် တပ်စွဲထားမည်ဟု ဆို

အီရတ်နိုင်ငံ အတွင်းရှိ IS စစ်သွေးကြွများ သိမ်းပိုက်ခဲ့ဖူးသော ဒေသများ၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကူညီရန်အတွက် အမေရိကန် တပ်ဖွဲ့ဝင်များသည် ၄င်းနိုင်ငံအတွင်း ဆက်လက် တပ်စွဲထားမည် ဖြစ်ကြောင်း အမေရိကန် ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သြဂုတ် ၁၉ ရက်တွင် ပြောသည်။

ယူဂန္ဓာတွင် သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ကူးစက်မှု တွေ့ရှိ

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းမှာ သံသယဖြစ်ဖွယ် အီဘိုလာကူးစက်မှု တွေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက အခြေအနေကို စောင့်ကြည့်နေပါတယ်။ အီဘိုလာ ရောဂါလက္ခဏာဆန်ဆန် လူနာတဦးကို တွေ့ရှိထားပြီး သူ့အခြေအနေမှန်ကို သိရှိဖို့ ဓာတ်ခွဲခန်းအဖြေကို စောင့်နေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အဲဒီလူနာ သီးသန့်ထားရာနေရာနဲ့ ကီလိုမီတာ အနည်းငယ်အကွာ ယူဂန္ဓာနဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ရဲ့ နယ်စပ် ဝင်ပေါက် ဘန်ဆန်ဂါမှာလည်း ရောဂါရှာဖွေ စစ်ဆေးတာတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင် နေပါတယ်။ အဲဒီ ဘန်ဆန်ဂါနယ်စပ် ဝင်ပေါက်ဟာ အီဘိုလာရောဂါဖြစ်ပွားရာ  ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ ဘီနီဒေသနဲ့ ကီလိုမီတာ ၁ဝဝ ခန့်အကွာမှာ ရှိနေပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ဖြစ်ပွားသူ ၅၇ ဦးရှိပြီး ၄၁ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 

ဆီးရီးယား ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ရန် ပူတင်၏ တောင်းဆိုချက်ကို မာကယ် ငြင်းဆို

ဘာလင် သြဂုတ် ၁၉

ဆီးရီးယားနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တောင်းဆိုချက်ကို ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်က ငြင်းဆို လိုက်ကြောင်း သိရသည်။