အစ္စရေးရဲ့ လွဲမှားတဲ့ သတင်းပေးပို့မှုကြောင့် စစ်လေယာဉ် ပစ်ချခံရတာဖြစ်တယ်လို့ ရုရှပြော

မော်စကို၊ စက်တင်ဘာ ၂၄

ဆီးရီးယားမှာ ရုရှစစ်လေယာဉ် ပစ်ချခံရတာဟာ အစ္စရေး လေတပ်ရဲ့ လွဲမှားတဲ့ သတင်းပေးပို့မှုကြောင့် ဖြစ်တယ်လို့ ရုရှက ပြောပြီး အစ္စရေးလေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုကိုလည်း ရှုတ်ချသွားပါတယ်။

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ ချိတ်ဆက်သော ကျည်ဆန်ရထားလိုင်း ဖွင့်လှစ်

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ ချိတ်ဆက်ထားသော ပထမဆုံး ကျည်ဆန်ရထားပြေးဆွဲခြင်း အခမ်းအနားကို ဟောင်ကောင်တွင် ကျင်းပခဲ့သည်။ The Express Rail Link သည် ဟောင်ကောင်နှင့် တရုတ် နိုင်ငံတောင်ပိုင်း ဂွမ်ဂူးမြို့သို့ ပြေးဆွဲချိန် မိနစ် ၄၀ ခန့်သာ ကြာမြင့်မည်ဖြစ်ကာ ရထားအဟောင်းများ ပြေးဆွဲချိန်ထက် ထက်ဝက် မက လျော့ကျသွားသည်။

ပြည်ပလွှင့် နိုင်ငံတကာသတင်း တရုတ်ပိတ်ပင်ဖွယ်ရှိ

ပြည်ပကထုတ်လွှင့်တဲ့ လက်ရှိ နိုင်ငံတကာရေးရာ သတင်းတွေကို တရုတ်နိုင်ငံမှာ ပြသခွင့်မပြုဘဲ ပိတ်ပင်မယ့် အလားအလာ ရှိနေတာကို တရုတ် ရေဒီယိုနဲ့ ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့က ရေးဆွဲထားတဲ့ စည်းကမ်းသတ်မှတ်ချက် မူကြမ်းထဲမှာ ဖော်ပြ ထားပါတယ်။

ဖိလစ်ပိုင်မှာ မြေပြိုမှုဘေး ထပ်ဖြစ်ကာ ၁၂ ဦး သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေ

မနီလာ၊ စက်တင်ဘာ ၂၁

မုန်တိုင်း ၀င်မွှေထားတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ထပ်ဆောင်းဘေးဒုက္ခအဖြစ် စက်တင်ဘာ ၂၀ ရက်က မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းပြီး စီဘူးကျွန်းမှာ မြေပြိုထပ်ဖြစ်ရာမှာ သေဆုံးသူ ၁၂ ဦးရှိပြီး ဒါဇင်များစွာ ပျောက်ဆုံးနေပါတယ်။

မြောက်ကိုရီးယား အားကစားပွဲတော်တွင် တောင်ကိုရီးယား သမ္မတ မိန့်ခွန်းပြော

မြောက်ကိုရီးယားတွင် ကျင်းပနေသည့် အားကစား ပွဲတော်ကြီး၌ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ကြိုတင် ကြေညာခြင်း မရှိဘဲ မိန့်ခွန်း ပြောကြားသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ပြုံယမ်းတွင် ကျင်းပနေသည့် အားကစား ပွဲတော်သို့ မွန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့်အတူ တက်ရောက်ခဲ့သည်။

အာဏာရပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပြန်လည်ရွေးကောက်တင်မြှောက်ခံရ

တိုကျို၊ စက်တင်ဘာ ၂၀

ဂျပန်နိုင်ငံရဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာ ၂၀ ရက်မှာ ပြန်လည်ရွေးကောက် တင်မြှောက်ခံရတာကြောင့် နိုင်ငံရဲ့ အစိုးရ အကြီးအကဲအဖြစ် ဆက်လက်တာဝန်ထမ်းသွားရဦးမှာ ဖြစ်ပါတယ်။

ရုရှားလေယာဉ် မှားယွင်း ပစ်ချခံရမှုနှင့် ပတ်သက်သည့် အချက်အလက်များ မျှဝေပေးရန် အစ္စရေးကမ်းလှမ်း

အစ္စရေးနှင့် ဆီးရီးယား ပဋိပက္ခအတွင်း ကြားညပ်ပြီး ရုရှားလေယာဉ် ပစ်ချခံခဲ့ရမှုနှင့် ပတ်သက်၍ အချက်အလက်များ မျှဝေပေးသွားရန် အစ္စရေးဖက်က ကမ်းလှမ်းလာမှုကို ရုရှားက လက်ခံခဲ့ကြောင်း သိရသည်။

ယခုသီတင်းပတ် အစောပိုင်းက ဆီးရီးယားနိုင်ငံ၊ လာကက်တီရာရှိ စစ်ရေးပစ်မှတ် အချို့ကို အစ္စရေး တိုက်လေယာဉ်များက ဗုံးကြဲခဲ့ပြီး ဆီးရီးယား လေကြောင်းကာကွယ်ရေး တပ်ဖွဲ့က တုံ့ပြန် ပစ်ခတ်ခဲ့သည်။ အစ္စရေးသည် ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင် တိုက်ခိုက်နေသည့် ရန်သူတော် အီရန်နိုင်ငံ၏ စစ်တပ်များကို ယခင်ကလည်း ရှောင်တခင် ထိုးစစ်ဆင်လေ့ ရှိသည်။

တောင်နဲ့ မြောက်ကိုရီးယား သဘောတူညီမှုတွေ ရရှိ

(တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ကို မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်)

 တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ မနေ့က ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်တချို့ရရှိခဲ့ကြောင်း ကြေညာပါတယ်။

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်ရန် အမေရိကန် တောင်းဆို

ဝါရှင်တန် စက်တင်ဘာ ၁၉

ကိုရီးယားနှစ်နိုင်ငံဆွေးနွေးပွဲသည် မြောက်ကိုရီးယားတွင် နျူကလီးယား လက်နက်ကင်းစင်ရေးအတွက် ဦးတည်ဆွေးနွေးနေသည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်ဘက်မှ ပြောသည်။ သို့သော် ကုလသမဂ္ဂက ပြုလုပ်ထားသော ပြုံယမ်းအပေါ် ပိတ်ဆို့မှုများကိုမူ နိုင်ငံများက အပြည့်အဝလိုက်နာကြရန် တောင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနော့ကဝါရှင်တန်အနေဖြင့် ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ အဓိပ္ပာယ်ရှိပြီး နျူကလီးယား လက်နက် ကင်းစင်ရေးအတွက် အရေးပါသည့်အဆင့်များ ဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အင်္ဂါနေ့က ပြောသည်။

ဇနီးမယားကို ချက်ချင်းကွာရှင်းနိုင်တဲ့ မွတ်စလင်ကျင့်ထုံး အိန္ဒိယ ပိတ်ပင်

အိန္ဒိယနိုင်ငံမှာ မွတ်စလင်အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ဖက်ကို ရုတ်တရက်ကွာရှင်းနိုင်တဲ့ ဓလေ့ကို ဟန့်တားမယ့် ဗဟိုတရားရုံးရဲ့ စီရင်ထုံး တရပ်ကို Narendra Modi အစိုးရက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။
အာရပ်ဘာသာ စကားနဲ့ Talaq လို့ ၃ ကြိမ်ပြောရုံနဲ့ အမျိုးသားတွေက ကွာရှင်းနိုင်တယ် ဆိုပြီး ခွင့်ပြုထားတဲ့ ဓလေ့ကို ဟန့်တားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဓလေ့ဟာ မူစလင်အမျိုးသမီးတွေရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ရပိုင်ခွင့်ကို ချိုးဖေါက်ခြင်း ဖြစ်တယ်လို့ အိန္ဒိယ တရားရုံးတော်က ဆုံးဖြတ်ခဲ့ပေမယ့် ပါလီမန်က တနှစ်အကြာမှာ အတည်မပြုနိုင် ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။