ပြင်သစ်နိုင်ငံတွင် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ဆိုင်းငံ့မည်

ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်အနေဖြင့် လာမည့်လတွင် စတင်မည့် လောင်စာဆီအပေါ် အခွန်တိုးမြှင့် ကောက်ခံမည့် အစီအစဉ်အား ဆိုင်းငံ့ထားမည်ဟုထုတ်ပြန်ကြေညာရန် မျှော်လင့် ရကြောင်း အင်န်အိတ်ခ်ျကေ သတင်းတွင် ဖော်ပြသည်။

လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်အား ပြင်သစ်နိုင်ငံတစ်ဝန်းလုံးတွင် ဆန့်ကျင်ဆန္ဒပြ မှုများ မကြာသေးမီက ဖြစ်ပေါ်လာပြီးနောက် ယင်းအစီအစဉ်အား ဆိုင်းငံ့ထားရန် လုပ်ဆောင်မှုများ ပြုလုပ် လာခြင်းဖြစ်သည်။

ယူကျူ့ဘ်ချန်နယ်မှာ ကစားစရာအကြောင်းပြောတဲ့ ဗီဒီယိုတွေတင်ပြီး ဒေါ်လာ ၂၂ သန်း ဝင်ငွေရှိနေတဲ့ ၇ နှစ်သား

ကလေးကစားစရာ အရုပ်များအကြောင်း မိတ်ဆက် သုံးသပ်သည့် ရွိုင်ယန်အမည်ရှိ အသက် (၈)နှစ်အရွယ် ကလေးတစ်ဦးသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၂၂ သန်းဖြင့် YouTube တွင် တစ်နှစ်တာ ဝင်ငွေအများဆုံး ကြယ်ပွင့်အဖြစ် ရပ်တည်ခဲ့သည်။

ဇွန်လအထိ ၁၂ လအတွင်း ရွိုင်ယန်၏ Ryan ToysReview ယူကျုဘ်ချန်နယ်သည် အမေရိကန် ဆယ်ကျော်သက် ဂျိတ်ခ် ပေါလ် (၂၁)နှစ်ထက် ဒေါ်လာ ငါးသိန်း ပိုရခဲ့ကြောင်း Forbes မဂ္ဂဇင်းက ထုတ်ပြန်သည်။

စပိန်တွင် ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့်ပါတီ လွှတ်တော်အတွင်းသို့ရောက်ရှိ

စပိန်ဒေသဆိုင်ရာ လွှတ်တော်များထဲတွင်သြဇာကြီးမားသည့် လွှတ်တော်တစ်ခုဖြစ်သော အန်ဒူလူစီယာဒေသ ဆိုင်ရာ လွှတ်တော်အတွင်းသို့ ရွှေ့ပြောင်းအခြေချသူများအား ဆန့်ကျင်သည့် မူဝါဒကို စွဲကိုင်ထားသောပါတီ ရောက်ရှိလာခြင်းကြောင့် စပိန်နိုင်ငံ၏ ရွှေ့ပြောင်းအခြေချသူများအားနှင့်ဆိုင်သော မူဝါဒပိုင်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း ရုရှားတိုင်းမ် သတင်းဌာနက ဖော်ပြသည်။

ကမ္ဘောဒီးယား အတိုက်အခံတွေ နိုင်ငံရေးပြန်လုပ်ခွင့်ရလာဖွယ်ရှိ

ကမ္ဘောဒီးယားနိုင်ငံမှာ တားဆီးပိတ်ပင်ခံထားရတဲ့ အတိုက်အခံပါတီဝင်တွေကို နိုင်ငံရေးဆောင်ရွက်ခွင့် ပြန်ရဖွယ် ရှိနေပြီး၊ သတင်းမီဒီယာတွေလည်း ပြန်ပွင့်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အဓိက အတိုက်အခံပါတီ မပါဝင်ဘဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ အနိုင်ရခဲ့အပြီး၊ အကျဉ်းကျနေတဲ့ အစိုးရဝေဖန်သူတွေ၊ စာနယ်ဇင်း သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အများအပြား ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်ခွင့်မရှိ

ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဟာ အဂတိလိုက်စားမှု ၂ မှု ကြောင့် ထောင်ဒဏ်ပြစ်ဒဏ်ကျခံနေရတဲ့ အတွက် ဒီဇင်ဘာလ ၃၀ မှာ ကျင်းပမယ့် နိုင်ငံ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အိုပက်အဖွဲ့မှ ကာတာနိုင်ငံ နုတ်ထွက်ပြီး သဘာဝဓာတ်ငွေ့တင်ပို့မှုများကို အာရုံစိုက်မည်ဟုဆို

ကာတာစွမ်းအင်ဝန်ကြီး ဆာအစ်အယ်လ်ခါဘီ (Eric Knecht/REUTERS)

 

၂၀၁၉ ဇန်နဝါရီတွင် အိုပက်အဖွဲ့မှ နုတ်ထွက်မည်ဖြစ်သော်လည်း ယင်းရေနံထုတ်လုပ်သည့် နိုင်ငံများအဖွဲ့၏ ယခုသီ တင်းပတ်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ကာတာနိုင်ငံက ဒီဇင်ဘာ ၃ ရက်တွင် ပြောသည်။

ယင်းဆုံးဖြတ်ချက်က ကမ္ဘာ့ထိပ်တန်း ဓာတ်ငွေ့ရည် LNG တင်ပို့သည့် နိုင်ငံအဖြစ် မိမိတို့၏ အနေအထား ခိုင်မာစေရေး အာရုံစိုက်နိုင်ရန်ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီး ဆာအစ်အယ်လ်ခါဘီက ပြောသည်။

ကမ္ဘာ့အကောင်းဆုံးစရိတ်နည်း လေကြောင်းလိုင်းအဖြစ် Air Asia ခြောက်နှစ်ဆက်တိုက် ရွေးချယ်ခံရ

မလေးရှားလေကြောင်းလိုင်း Air Asia သည် ကမ္ဘာ့ခရီးသွားဆုများ (WTA) ဆုပေးပွဲအခမ်းအနား၌ ကမ္ဘာ့အကောင်းဆုံး စရိတ်နည်းလေကြောင်းလိုင်းအဖြစ် ခြောက်နှစ်ဆက်တိုက် ရွေးချယ်ခံရသည်။

ပေါ်တူဂီနိုင်ငံ၌ ကျင်းပသော ဆုပေးပွဲအခမ်းအနားတွင် အဆိုပါဆုကို Air Asia လုပ်ငန်းစု အကြီးအကဲများဖြစ်သည့် ဆူဟိုင်လာ ဟက်ဆန်နှင့် အူဒရေးပရိုဂက်စ် တမာပတ်ထရီနီက လေကြောင်းလိုင်း ကိုယ်စား လက်ခံရယူခဲ့သည်။

တရုတ် နဲ့ ကုန်သွယ်ရေးသဘောတူညီမှုသစ် ရရှိကြောင်း Trump ကြေညာ

အမေရိကန်သမ္မတ Donald Trump က သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်အကြား ပုဂ္ဂိုလ်ရေးအရ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း တနင်္လာနေ့မှာ ထပ်လောင်း ပြောကြားလိုက်ပြီး အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် အမေရိကန် လယ်သမားတွေအနေနဲ့လည်း သူတို့ရဲ့ ထွက်ကုန်တွေကို တရုတ်နိုင်ငံကို ချက်ခြင်း ရောင်းချနိုင်မယ်လို့ ပြောပါတယ်။

ရုရှားက ခရိုင်းမီးယားဒေသတွင် ဝေဟင်ပစ်ဒုံးကျည်စနစ် ဖြန့်ကြက်

ရုရှားဟာ နိုဝင်ဘာ ၂၉ ရက်နေ့က ခရိုင်းမီးယားဒေသမှာ S-400 ဝေဟင်ပစ်ဒုံးကျည်စနစ်တွေကို ဖြန့်ကြက်ခဲ့ပါတယ်။ ရုရှားလေတပ် ဒုတိယဗိုလ်ချုပ်ကြီးက ဖြန့်ကြက်ထားတဲ့ ဒုံးကျည်တွေဟာ ပစ်မှတ်ရဲ့ အမြင့်နဲ့ အမြန်နှုန်းကို ထည့်တွက်စရာမလိုဘဲ ဝေဟင်ကာကွယ်ရေး လုပ်ဆောင်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။

သူက အဲဒီဒုံးကျည်စနစ်ဟာ အမြင့် ကီလိုမီတာ ၃၀ မှာ အမြန်နှုန်း တနာရီ ကီလိုမီတာ ၂,၇၀၀ နဲ့ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ကျောင်းသားတဦးကို သတ်ဖြတ်မှုဖြင့် ဖိလစ်ပိုင်ရဲဝန်ထမ်း ၃ ဦးကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ်

အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတဦးကို သတ်ဖြတ်မှုနဲ့ ရဲဝန်ထမ်း ၃ ဦးကို ပြစ်မှု ထင်ရှားကြောင်း ဖိလစ်ပိုင်တရားရုံးက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ သမ္မတ ဒူတာတေးလက်ထက် မူးယစ်တိုက်ဖျက် စစ်ဆင်ရေးအတွင်း ပထမဆုံးအကြိမ် ပြစ်ဒဏ်စီရင်တာပဲ ဖြစ်ပါတယ်။