ကမ္ဘာတစ်ဝန်း ယခုနှစ်အတွင်း ဂျာနယ်လစ် ၅၃ ဦး သတ်ဖြတ်ခံရ၊ သုံးနှစ်အတွင်း အများဆုံးဖြစ်

ဆော်ဒီဂျာနယ်လစ် ကာရှော့ဂီ ပျောက်ဆုံးနေပြီးနောက် ၎င်း၏ပုံများကို ကိုင်ဆောင်ကာ အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ဆန္ဒပြနေသော လူ့အခွင့်အရေးအဖွဲ့ (IHD)၏ အဖွဲ့ဝင်များ (BULENT KILIC / AFP)

 ၂၀၁၈ အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၅၃ ဦး သတ်ဖြတ်ခံရပြီး သတ်ဖြတ်ခံရသည့် သတင်းထောက် ဦးရေနှစ်ဆခန့် မြင့်တက်လာကာ သုံးနှစ်အတွင်း အများဆုံးဖြစ်ကြောင်း ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပါလက်စတိုင်းနှင့်မူဆလင်ဆန့်ကျင်သည့်ပို့စ်များကြောင့် အစ္စရေးဝန်ကြီးချုပ်သား Facebook အကောင့်ပိတ်ခံရ

အစ္စရေးဝန်ကြီးချုပ်သား ဘင်ဂျမင်နေတန်ယာဟု၏ သားဖြစ်သူက ၄င်း၏ Facebook အကောင်းအား ၂၄ နာရီ ပိတ်ပင်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ပါလက်စတိုင်းလူမျိုးများနှင့် မူဆလင်များအား ဆန့်ကျင်တိုက်ခိုက်သည့် ပို့စ်များစွာ တင်ခဲ့မှုကြောင့် ယင်းကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု သိရသည်။

မဟတ္တမ ဂန္ဓီ ရုပ်တု ဂါနာတက္ကသိုလ်မှာ ဖယ်ရှား

– ဂါနာနိုင်ငံက တက္ကသိုလ်တခုမှာရှိတဲ့ မဟတ္တမဂန္ဒီရဲ့ရုပ်တု

 

အာဖရိကတိုက် ဂါနာနိုင်ငံက တက္ကသိုလ်တခုမှာရှိတဲ့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမ ဂန္ဒီ ရဲ့ ရုပ်တုကို ဖယ်ရှားလိုက်ပါတယ်။ အာဖရိကတိုက်သားတွေအပေါ် နှိမ့်ချစော်ကားပြော ဆိုခဲ့မှုနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖယ်ရှားခဲ့တာပါ။ နှစ်ဆယ်ရာစုအတွင်း အိန္ဒိယနိုင်ငံ ဗြိတိသျှလက်အောက်ကလွတ်မြောက်ရေးအတွက် ငြိမ်းချမ်းတဲ့ နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ မဟတ္တမ ဂန္ဒီ ရဲ့ ရုပ်တုကို အိန္ဒိယသမ္မတ ပရာနတ် မူကာဂျီက ၂ဝ၁၆ ခုနှစ်မှာ ဂါနာတက္ကသိုလ် ကို လက်ဆောင်ပေးခဲ့တာပါ။

ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့်သတင်းကြောင့် ဩစတြေးလျဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့ရ

ဟောင်ကောင်သို့ အလုပ်သဘောခရီးစဉ် သွားရောက်စဉ်အတွင်း အမျိုးသမီးငယ်တစ်ဦးအား တွေ့ဆုံရန် ဝက်ဘ်ဆိုက်ကို အသုံးပြုခဲ့သည်ဆိုသော မီဒီယာသတင်းတစ်ပုဒ်ကြောင့် ဩစတြေးလျ ဝန်ကြီး အင်ဒရူးဘရော့ဒ် မှာ အစိုးရအဖွဲ့မှ ဒီဇင်ဘာ ၁၇ ရက်က နုတ်ထွက်သွားကြောင်း သိရသည်။

ဟောင်ကောင်မြို့ စားသောက်ဆိုင်တစ်ဆိုင်တွင် လွန်ခဲ့သည့်လက တွေ့ဆုံခဲ့ပြီးနောက် ဩစတြေးလျဝန်ကြီး အင်ဒရူးဘရော့ဒ်၏ နုတ်ထွက်စာကို ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် မိုက်ကယ်အမ်စီကော်မတ်က လက်ခံခဲ့ခြင်း ဖြစ်သည်ဆို၏။

Trump Foundation ဖျက်သိမ်း

သမ္မတ Donald Trump ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးဖြစ်ထွန်းအောင် သူ့ရဲ့ကိုယ်ပိုင် Trump Foundation ကုသိုလ်ဖြစ် လူမှုရေးဖောင်ဒေးရှင်းကို အသုံးချခဲ့တယ်လို့ နယူးယောက်ပြည်နယ် တရားသူကြီးချုပ်က တရားစွဲဆိုခဲ့တာကြောင့် အဲဒီ လူမှုရေး ဖောင်ဒေးရှင်းကို ဖျက်သိမ်းပစ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့်အခမ်းအနားကျင်းပ

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့်တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် အခမ်းအနားမြင်ကွင်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၈ ရက်

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး အသက်မဝင်မီ ယီမင်အစိုးရတပ်နှင့် ဟူသီသူပုန် တိုက်ပွဲအပြင်းအထန်ဖြစ်

အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ဖို့ ရက်ပိုင်းအလို ဒီဇင်ဘာ ၁၆ ရက်နေ့က ယီမင်နိုင်ငံ ဟိုဒီဒါမြို့မှာ အစိုးရတပ်နဲ့ ဟူသီသူပုန်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ဟိုဒီဒါက ယီမင်အတိုက်အခံပါတီတွေကြား သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စတင်ဖို့ သဘောတူထားတာပါ။

အမေရိကန်က ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေခြင်းကို အဆုံးသတ်ပေးရန် ဆော်ဒီအစိုးရ သတိပေး

ဆော်ဒီအစိုးရက နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်အတွင်း၌ ဆော်ဒီ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်သကဲ့သို့ ဖြစ်နေသော အမေရိကန်၏ လုပ်ဆောင်ချက်များကို ရပ်တန့်ပေးရန် သတိပေးခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အမေရိကန်လွှတ်တော်များသည် ယီမင်စစ်ပွဲနှင့်ဆိုင်သော အကြောင်းအရာများ၊ တူရကီနိုင်ငံရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးသို့ သွားရောက်စဉ်အတွင်း သေဆုံးသွားခဲ့သော ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ခါရှိုဂီနှင့်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်သော အမေရိကန်အစိုးရ၏ မူဝါဒပိုင်းကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းအား ဆော်ဒီအစိုးရက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပယ်ခံထားရသည့် သီရိလင်္ကာဝန်ကြီးချုပ် ပြန်လည်ခန့်အပ်

သမ္မတမိုင်သီရိပါလာ သီရိဆီနာက ဖြုတ်ချခဲ့ပြီး နှစ်လ အကြာတွင် ရာနေးလ်ဝစ်ကရီမီ ဆင်ဂီသည် ဝန်ကြီးချုပ် အဖြစ် ဒီဇင်ဘာ ၁၆ ရက်က ကျမ်းသစ္စာ ပြန်လည်ကျိန်ဆိုခဲ့သည်။

တံခါးပိတ်ကျမ်းသစ္စာကျိန် ဆိုပွဲ ကျင်းပစဉ် ဆင်ဂီကို ထောက်ခံသူများက မီးရှူးမီးပန်းများ ပစ် ဖောက်ကာ အောင်ပွဲခံခဲ့သည်။

မြောက်အမေရိကားတိုက် အကြီးဆုံး စိန်ရိုင်းတုံး

ကနေဒါမိုင်းကုမ္ပဏီ တူးဖော်ရရှိခဲ့သည့် စိန်အရိုင်းတုံး။

မြောက်အမေရိကားတိုက်အတွင်း အကြီးဆုံး စိန်အရိုင်းတုံးကြီးတခုကို ကနေဒါ မိုင်းကုမ္ပဏီတခုက တူးဖော် တွေ့ရှိခဲ့ပါတယ်။ အဲဒီ စိန်အရိုင်းတုံးဟာ အ၀ါရောင် သန်းနေပြီး အရွယ်အစားအားဖြင့် ကြက်ဥအသေးစားလောက် ရှိတယ်လို့ ဆိုပါတယ်။