
ဗြိတိန်ကာကွယ်ရေးဝန်ကြီး Gavin Williamson ဂဲဗင် ဝီးလီယံဆင် က ဗြိတိန်နိုင်ငံရဲ့ 5G မိုဘိုင်း ဆက်သွယ်ရေး စနစ်ထူထောင်ရေးလုပ်ငန်းမှာ တရုတ်နိုင်ငံက Huawei ဟွာဝေး ကုမ္ပဏီ ပါဝင်လုပ် ကိုင်နေတာကို အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
5G စနစ်မှာ ဟွာဝေး ကုမ္ပဏီပါဝင်နေတာကို ကျနော်တို့ သတိထားဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သြစတေးလျနိုင်ငံတွေဟာ သူတို့နိုင်ငံတွေရဲ့လုံခြုံရေးကို အဆင့်အမြင့်ဆုံးထားပြီး ဆောင်ရွက်နေပါတယ်လို့ ဗြိတိန်ဝန်ကြီးက ပြောပါတယ်။









