ဝါရှင်တန် ဒီဇင်ဘာ ၁၂
မက္ကဆီကိုနယ်စပ်တစ်လျှောက် နယ်စပ်တံတိုင်း ကာရံရန်ကိစ္စသည် နိုင်ငံတော်က အရေးပေါ်လုပ်ရမည့် အလုပ်ဖြစ်ကြောင်း၊ လွှတ်တော်အမတ်များဘက်မှ လုံလောက် သည့် ရန်ပုံငွေချမပေးလျှင် အစိုးရယန္တရား လည်ပတ်မှု ရပ်တန့်အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့က အိမ်ဖြူတော် ရုံးခန်းထဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။